သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ေဒသတြင္းပဋိပကၡေတြေျဖရွင္းေရး စကၤာပူနဲ႔ နယူးဇီလန္ပူးတြဲေဆာင္႐ြက္မည္


စကၤာပူကို ၃ ရက္ၾကာခရီးေရာက္ေနတဲ့ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern (ဝဲ) နဲ႔ စကၤာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong တို႔ရဲ႕ ပူးတြဲသတင္းစာရွင္းလင္းပြဲ။ (ဧၿပီ ၁၉ ၊ ၂၀၂၂) 


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအပါအဝင္ ေဒသတြင္းပဋိပကၡေတြနဲ႔ ယူကရိန္းအက်ပ္အတည္းကို ေျဖရွင္းႏိုင္ဖို႔ စကၤာပူနဲ႔ လက္တြဲေဆာင္႐ြက္သြားဖို႔ရွိေၾကာင္း နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ဒီေန႔ ေျပာၾကားလိုက္ပါတယ္။

COVID-19 ကပ္ေရာဂါေၾကာင့္ တကမာၻလုံးမွာ အသြားအလာ အကန႔္အသတ္ေတြျဖစ္ခဲ့ၿပီးတဲ့ေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္ Jacinda Ardern ရဲ႕ ပထမဆုံး ျပည္ပခရီးစဥ္ အျဖစ္ စကၤာပူႏိုင္ငံကိုသြားေရာက္ခဲ့တာပါ။ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းနဲ႔ ေတြ႕ဆုံၿပီးေနာက္ ဒီေန႔ျပဳလုပ္တဲ့ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ ယူကရိန္းအေရးပါအဝင္ ျမန္မာႏိုင္ငံလို ေဒသတြင္းပဋိပကၡေတြကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြနဲ႔ ေျဖရွင္းဖို႔ စကၤာပူနဲ႔ လက္တြဲေဆာင္႐ြက္သြားမယ့္အေၾကာင္း နယူးဇီလန္ဝန္ႀကီးခ်ဳပ္ Jacinda Ardern က ေျပာဆိုသြားတာပါ။

"ကမာၻႀကီးက ေျပာင္းလဲေနတာ ျမင္ေနရပါတယ္။ ယူကရိန္းအက်ပ္အတည္းလိုျဖစ္ရပ္ေတြဟာ စည္းမ်ဥ္းအေျခခံရွိထားၿပီးသား ႏိုင္ငံတကာစနစ္ကို ဖိအားေပးလာပါတယ္။ ႏိုင္ငံတကာမွာခ်မွတ္ထားတဲ့ စည္းမ်ဥ္းဥပေဒစိုးမိုးေရးနဲ႔ ကုလသမဂၢ ပဋိဉာဥ္ကို နယူးဇီလန္အေနနဲ႔ အၿမဲတမ္းအခိုင္အမာေထာက္ခံပါတယ္။ ျမန္မာႏိုင္ငံ အပါအဝင္ ေဒသတြင္းမွာ ေတြ႕ျမင္ရတဲ့ ပဋိပကၡေတြကို ၿငိမ္းခ်မ္းတဲ့နည္းလမ္းေတြနဲ႔ ေျဖရွင္းဖို႔ စကၤာပူလို စိတ္တူကိုယ္တူႏိုင္ငံေတြနဲ႔ ဆက္ၿပီးလက္တြဲ ေဆာင္႐ြက္ သြားဖို႔ ေမွ်ာ္လင့္ပါတယ္။"

ဒါ့အျပင္ Jacinda Ardern ရဲ႕စကၤာပူခရီးစဥ္အတြင္း သဘာဝပတ္ဝန္းက်င္ထိခိုက္ မႈ နည္းပါးေစမယ့္ စီးပြားေရးနဲ႔ ေဈးကြက္ထုတ္လုပ္မႈကြင္းဆက္ေတြမွာ စကၤာပူနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကို ခ်ဲ႕ထြင္ဖို႔ကိစၥလည္း ပါဝင္ပါတယ္။

ကာဗြန္အထြက္နည္းၿပီး သဘာဝပတ္ဝန္းက်င္ထိခိုက္မႈနည္းတဲ့ နည္းပညာေတြကို က်င့္သုံးတဲ့အခါ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မယ့္အခြင့္အလမ္းေတြရွိေနေၾကာင္း ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းကလည္း ေျပာၾကားခဲ့ပါတယ္။

သုံးရက္ၾကာျမင့္မယ့္ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ရဲ႕ စကၤာပူခရီးစဥ္အတြင္း စကၤာပူသမၼတနဲ႔လည္း ေတြ႕ဆုံဖို႔ရွိသလို သူ႔နာမည္ Jacinda Ardern လို႔ေပးထားတဲ့ သစ္ခြပင္ ကို လက္ေဆာင္အျဖစ္ေပးအပ္မယ့္ အစီအစဥ္လည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

မြန်မာနဲ့ ဒေသတွင်းပဋိပက္ခတွေဖြေရှင်းရေး စင်္ကာပူနဲ့ နယူးဇီလန်ပူးတွဲဆောင်ရွက်မည်

မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စင်္ကာပူနဲ့ လက်တွဲဆောင်ရွက်သွားဖို့ရှိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဒီနေ့ ပြောကြားလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တကမ္ဘာလုံးမှာ အသွားအလာ အကန့်အသတ်တွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဝန်ကြီးချုပ် Jacinda Ardern ရဲ့ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် စင်္ကာပူနိုင်ငံကိုသွားရောက်ခဲ့တာပါ။ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံပြီးနောက် ဒီနေ့ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းအရေးပါအဝင် မြန်မာနိုင်ငံလို ဒေသတွင်းပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ စင်္ကာပူနဲ့ လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ပြောဆိုသွားတာပါ။

"ကမ္ဘာကြီးက ပြောင်းလဲနေတာ မြင်နေရပါတယ်။ ယူကရိန်းအကျပ်အတည်းလိုဖြစ်ရပ်တွေဟာ စည်းမျဉ်းအခြေခံရှိထားပြီးသား နိုင်ငံတကာစနစ်ကို ဖိအားပေးလာပါတယ်။ နိုင်ငံတကာမှာချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေစိုးမိုးရေးနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ကို နယူးဇီလန်အနေနဲ့ အမြဲတမ်းအခိုင်အမာထောက်ခံပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ တွေ့မြင်ရတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ စင်္ကာပူလို စိတ်တူကိုယ်တူနိုင်ငံတွေနဲ့ ဆက်ပြီးလက်တွဲ ဆောင်ရွက် သွားဖို့ မျှော်လင့်ပါတယ်။"

ဒါ့အပြင် Jacinda Ardern ရဲ့စင်္ကာပူခရီးစဉ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက် မှု နည်းပါးစေမယ့် စီးပွားရေးနဲ့ ဈေးကွက်ထုတ်လုပ်မှုကွင်းဆက်တွေမှာ စင်္ကာပူနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။

ကာဗွန်အထွက်နည်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ နည်းပညာတွေကို ကျင့်သုံးတဲ့အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့်အခွင့်အလမ်းတွေရှိနေကြောင်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ပြောကြားခဲ့ပါတယ်။

သုံးရက်ကြာမြင့်မယ့် နယူးဇီလန်ဝန်ကြီးချုပ်ရဲ့ စင်္ကာပူခရီးစဉ်အတွင်း စင်္ကာပူသမ္မတနဲ့လည်း တွေ့ဆုံဖို့ရှိသလို သူ့နာမည် Jacinda Ardern လို့ပေးထားတဲ့ သစ်ခွပင် ကို လက်ဆောင်အဖြစ်ပေးအပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

===================

XS
SM
MD
LG