သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူသားမ်ိဳးႏြယ္အေပၚက်ဳးလြန္တဲ့ ရာဇတ္မႈ ျမန္မာျပည္မွာ ပိုတိုးလာ (IIMM အစီရင္ခံစာ)


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္တဲ့ ရန္ကုန္လူထုကို ဖမ္းဆီးေနစဥ္။ (ေဖေဖၚဝါရီ ၂၇၊ ၂၀၂၂) 

[[Zawgyi/Unicode]]


အာဏာသိမ္းၿပီးကတည္းက ျမန္မာစစ္တပ္ဟာ က်ယ္က်ယ္ျပန႔္ျပန႔္ စနစ္တက် ျပည္သူလူထုအေပၚ တိုက္ခိုက္ၿပီး လူသားမ်ိဳးႏြယ္တရပ္လုံးအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈကို က်ဴးလြန္ေနတယ္လို႔ ကုလသမဂၢစုံစမ္းစစ္ေဆးေရးမႉးေတြက ေျပာလိုက္ပါတယ္။

ကုလသမဂၢက ဖြဲ႕စည္းေပးထားတဲ့ သီးျခားလြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရး အဖြဲ႕ရဲ႕ ႏွစ္ပတ္လည္အစီရင္ခံစာထဲမွာ ခုလို ေျပာထားတာျဖစ္ပါတယ္။

“အမ်ိဳးသမီးနဲ႔ ကေလးေတြအေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈေတြဟာ အဆိုးဝါးဆုံး ႏိုင္ငံတကာ ရာဇဝတ္မႈေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ သမိုင္းတေလွ်ာက္မွာ ဒီ ရာဇဝတ္မႈေတြဟာ မွတ္တမ္းမဝင္ခဲ့သလို စုံစမ္းစစ္ေဆးတာလည္း နည္းခဲ့တယ္လို႔ အဖြဲ႕ရဲ႕အႀကီးအကဲ Nicholas Koumjian က ေျပာပါတယ္။

အဖြဲ႕ဟာ အရင္းအျမစ္ ၂၀၀ ေက်ာ္ကေန သတင္းအခ်က္အလက္ေပါင္း ၃ သန္းေက်ာ္ စုေဆာင္းခဲ့တယ္လို႔ ဒီကေန႔ ထုတ္ျပန္လိုက္တဲ့ သတင္းထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။ သက္ေသအေထာက္အထားေတြထဲမွာ လူေတြ႕ေမးျမန္းခ်က္ေတြ၊ မွတ္တမ္းေတြ၊ ဗြီဒီယိုေတြ၊ ဓာတ္ပုံေတြ၊ ေကာင္းကင္ကျမင္ရတဲ့ပုံရိပ္ ေတြနဲ႔ လူမႈမီဒီယာ အေထာက္အထားေတြ ပါဝင္ၾကပါတယ္။ အဲဒီ အေထာက္အထားေတြအရ လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ အမ်ိဳးသမီးေတြအေပၚမွာ မုဒိန္းက်င့္ၾကၿပီး လိင္ဆိုင္ရာအၾကမ္းဖက္မႈေတြကို က်ဴးလြန္ခဲ့တယ္လို႔ အစီရင္ခံစာ က ဆိုပါတယ္။ အစီရင္ခံစာအရ ျမန္မာျပည္မွာ ကေလးေတြကို ညႇဥ္းပန္းႏွိပ္စက္၊ မိဘေတြကိုဖမ္းဖို႔ ကေလးကို ဓားစာခံအျဖစ္ ဖမ္းဆီး၊ ထင္သလိုထိန္းသိမ္းခဲ့ၿပီး စစ္တပ္ထဲကိုလည္း အဓမၼသြတ္သြင္းခဲ့တာေတြ ရွိေနပါတယ္။

“အေရးယူမခံရဘဲ ဒီလိုအမႈေတြကို ဆက္လက္က်ဴးလြန္ေနဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ ကို က်ဴးလြန္ၾကသူေတြ သိဖို႔လိုအပ္ပါတယ္။ တေန႔ မွာ အေရးယူလို႔ရေအာင္ သက္ေသအေထာက္အထားေတြကို စုေဆာင္း ထိန္းသိမ္းထားတာ ျဖစ္တယ္လို႔ Nicholas Koumjian က ေျပာပါတယ္။

ဒုကၡသည္ သိန္းခ်ီထြက္ေျပးခဲ့ရတဲ့ ႐ိုဟင္ဂ်ာေတြအေပၚ စစ္ဆင္ေရး ၅ ႏွစ္ေျမာက္ အထိမ္းအမွတ္မတိုင္မီ ၂ ပတ္အလိုမွာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သီးျခားလြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ႏွစ္ပတ္လည္ အစီရင္ခံစာ ထြက္လာတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

လူသားမျိုးနွယ်အပေါ်ကျုးလွန်တဲ့ ရာဇတ်မှု မြန်မာပြည်မှာ ပိုတိုးလာ (IIMM အစီရင်ခံစာ)


အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ပြည်သူလူထုအပေါ် တိုက်ခိုက်ပြီး လူသားမျိုးနွယ်တရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ခုလို ပြောထားတာဖြစ်ပါတယ်။

“အမျိုးသမီးနဲ့ ကလေးတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာ အဆိုးဝါးဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းတလျှောက်မှာ ဒီ ရာဇဝတ်မှုတွေဟာ မှတ်တမ်းမဝင်ခဲ့သလို စုံစမ်းစစ်ဆေးတာလည်း နည်းခဲ့တယ်လို့ အဖွဲ့ရဲ့အကြီးအကဲ Nicholas Koumjian က ပြောပါတယ်။

အဖွဲ့ဟာ အရင်းအမြစ် ၂၀၀ ကျော်ကနေ သတင်းအချက်အလက်ပေါင်း ၃ သန်းကျော် စုဆောင်းခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ သက်သေအထောက်အထားတွေထဲမှာ လူတွေ့မေးမြန်းချက်တွေ၊ မှတ်တမ်းတွေ၊ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ကောင်းကင်ကမြင်ရတဲ့ပုံရိပ် တွေနဲ့ လူမှုမီဒီယာ အထောက်အထားတွေ ပါဝင်ကြပါတယ်။ အဲဒီ အထောက်အထားတွေအရ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမျိုးသမီးတွေအပေါ်မှာ မုဒိန်းကျင့်ကြပြီး လိင်ဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာ က ဆိုပါတယ်။ အစီရင်ခံစာအရ မြန်မာပြည်မှာ ကလေးတွေကို ညှဉ်းပန်းနှိပ်စက်၊ မိဘတွေကိုဖမ်းဖို့ ကလေးကို ဓားစာခံအဖြစ် ဖမ်းဆီး၊ ထင်သလိုထိန်းသိမ်းခဲ့ပြီး စစ်တပ်ထဲကိုလည်း အဓမ္မသွတ်သွင်းခဲ့တာတွေ ရှိနေပါတယ်။

“အရေးယူမခံရဘဲ ဒီလိုအမှုတွေကို ဆက်လက်ကျူးလွန်နေဖို့ မဖြစ်နိုင်ဘူးဆိုတာ ကို ကျူးလွန်ကြသူတွေ သိဖို့လိုအပ်ပါတယ်။ တနေ့ မှာ အရေးယူလို့ရအောင် သက်သေအထောက်အထားတွေကို စုဆောင်း ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ Nicholas Koumjian က ပြောပါတယ်။

ဒုက္ခသည် သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေး ၅ နှစ်မြောက် အထိမ်းအမှတ်မတိုင်မီ ၂ ပတ်အလိုမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး နှစ်ပတ်လည် အစီရင်ခံစာ ထွက်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG