ရေနံဈေးတွေ ကျနေရာက အစိုးရ ၀င်ငွေကို ထိခိုက်နေတဲ့အတွက် သန့်စင်ပြီးသား လောင်စာဆီတွေကို ပြည်ပကနေ တင်သွင်းနိုင်ခြင်း မရှိတာကြောင့် နိုင်ဂျီးရီးယားနိုင်ငံမှာ ဓါတ်ဆီ ရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားတာကြောင့် ဓါတ်ဆီ ရှားပါးမှုပြဿနာက မဲဆွယ် စည်းရုံးမှုတွေကို ထိခိုက်စေနိုင်တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Henry Ridgwell က သတင်းပေးပို့ထားတဲ့သတင်းကို စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။