သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံကျောင်းသူရဲ့ဖခင် - သမီးကို ဗွီဒီယိုမှာတွေ့


ပြီးခဲ့တဲ့လက ပြန်ပေးဆွဲခံရလို့ ပျောက်ဆုံးနေတဲ့ ကျောင်းသူလေး ၂၀၀ ကျော်ကို ပြန်လည်ကယ်တင်ဖို့ ကူညီတဲ့အနေနဲ့ အမေရိကန် ထောက်လှမ်းရေး လေယာဉ်တွေ နိုင်ဂျီးရီးယားနိုင်ငံမှာ ပါဝင်လှုပ်ရှားနေပါတယ်။

ထောက်လှမ်းရေးဝန်ထမ်းတွေနဲ့ ဂြိုဟ်တုကရရှိတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကိုပါ အသုံးပြုပြီး ဒီကိစ္စမှာ ပါဝင်ကူညီသွားမယ်လို့ အမေရိကန် အရာရှိကြီး Jay Carney က တနင်္လာနေ့မှာ ပြောကြားခဲ့တာပါ။

ကျောင်းသူလေးတွေကို ကယ်တင်နိုင်ဖို့အတွက် တတ်နိုင်သမျှ ကူညီရမယ်လို့ သမ္မတ အိုဘားမားက ညွှန်ကြားထားကြောင်း အမေရိကန် ကာကွယ်ရေးဌာနနဲ့ FBI ထောက်လှမ်းရေးတွေ အပါအဝင် အဖွဲ့အစည်းတွေက နိုင်ဂျီးရီးယားနိုင်ငံ အမေရိကန်သံရုံးမှာ ဆောင်ရွက်နေကြတယ်လို့လည်း ဆိုပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူလေး ၃၀၀ ကျော်ထဲက ၁ ယောက်ကို ဖခင်ဖြစ်သူက Boko Haram တို့ ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ သူ့သမီးလေးကို မှတ်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

Shettima ဆိုသူက ဗွီဒီယိုထဲက ၁ ယောက်ဟာ အသက် ၁၈ နှစ်အရွယ် သူ့သမီးဖြစ်ပြီး၊ သူ့အိမ်နီးချင်းတယောက်ရဲ့ သမီးကိုလည်း မှတ်မိတယ်လို့ သူ ယူဆကြောင်း ပြောကြားလိုက်ပါတယ်။

ကျောင်းသူလေးတွေ ပြန်ပေးဆွဲ ခံသွားရတဲ့ Chibok ကျေးရွာသားက လုံခြုံရေးအတွက် လုံခြုံရေးအတွက် သူ့ရဲ့မိသားစုနာမည်ကိုရော သူ့သမီးလေးနာမည်ကိုပါ လူသိရှင်ကြား မပြောဖို့လည်း ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က Boko Haram တို့ ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုထဲမှာ မိန်းကလေး ၁၀၀ လောက်ဟာ ခန့်မှန်းလို့မရနိုင်တဲ့ ကျေးလက်တနေရာမှာ ခြုံလွှာအနက်ရောင် ဝတ်ရုံကို ဝတ်ပြီး ထိုင်နေကြတာကို ပြသထားပါတယ်။
XS
SM
MD
LG