သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်းအမှားအယွင်းကြောင့် ရွေးကောက်ပွဲထိခိုက်မှာ NLD စိုးရိမ်


ရန်ကုန်တိုင်းဒေသကြီးတွင်းက မြို့နယ်တချို့မှာ သက်သေခံလက်မှတ်အပိုတွေ ဖောင်းပွနေတာနဲ့ပတ်သက်လို့ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်တခုတည်းမှာတင် မဲလက်မှတ်အပို ၁၀၀ ခန့် ရှိပြီး အိမ်ထောင်စုတစုတည်းမှာတင် အပိုလက်မှတ် ၃၈ ခုအထိ ထုတ်ပေးတာမျိုး ဆိုးဆိုးရွားရွား အခြေအနေတွေ ရှိနေတာဟာ ရိုးဖြောင့်တဲ့လုပ်ရပ်မဟုတ်ဘူးလို့ ယူဆကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပြောဆိုလိုက်ပါတယ်။ ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အရေးပေါ်ကြေညာချက်မှာ ခုလို ဖော်ပြထားတာပါ။ ဒီအခြေအနေကြောင့် မဲပေးမှုတွေတွင်း မသမာမှုတွေ ဖြစ်နိုင်ပြီး ရွေးကောက်ပွဲ ရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ သူတို့ရရှိထားတဲ့ လက်မှတ်အပိုတွေကို အနီးကပ်ဆုံး ကိုယ်စားလှယ်လောင်းတွေကို ပေးအပ်ဖို့ NLD အနေနဲ့လည်း ညွှန်ကြားထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG