သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက် ပူးပေါင်းတိုက်ခိုက်တဲ့ အဖွဲ့တွေအတွက် ငြိမ်းချမ်းရေးတံခါးဖွင့်ထားဆဲ


ဗိုလ်ခ ျုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်အစိုးရ တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ်
ဗိုလ်ခ ျုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်အစိုးရ တာဝန်ရှိသူများနဲ့ တွေ့ဆုံစဉ်

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုင်းရင်းသား လက်နက် ကိုင် ပူးပေါင်းအဖွဲ့နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်နေဆဲ ဖြစ်ပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ ဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပူးပေါင်းပါဝင်ကြဖို့ ငြိမ်း ချမ်းရေး တံခါးကို ဖွင့်ထားဆဲဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရက ပြောဆိုလိုက် ပါ တယ်။ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ကတော့ စစ်မှန်တဲ့ ငြိမ်း ချမ်းရေး တည်ဆောက်ဖို့ဆိုရင် တပ်မတော်ဘက်က ထိုးစစ်တွေကိုရပ် တိုင်းရင်းဒေ သတွေက ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပြီး သူတို့အနေနဲ့ကတော့ ခုခံတော်လှန်ေ ရးစစ်ကို ဆက်ဆင်နွှဲရ ဦးမယ်လို့ ကြေညာချက်ထုတ်ပြန် ပါတယ်။ ဒေသခံတွေ ကတော့ နယ်မြေတည်ငြိမ်ရေး နိုင်ငံရေးအရဆွေးနွေးကြဖို့ လိုလားနေတာပါ။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြော က်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ (၁၀၅)မိုင် ကုန်သွယ်ရေး စခန်းတွေနဲ့ ရဲကင်းစခန်းတွေ၊ တပ်မတော်တပ်စခန်းတွေကို အဓိက ပစ်မှတ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA၊ TNLA ၊ AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာ သီတင်းတပတ်ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့လို့ အခု အချိန်အထိကတော့ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။

အခုဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်းက စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်သူတွေ အားလုံးပါဝင်ရေး တံခါးဖွင့်ထားပြီး ငြိမ်းချမ်းရေး ခရီးကို အတူလျှောက် လှမ်းဖို့ကို ကြေညာချက်ထုတ်ပြန် တိုက်တွန်း ထားပါတယ်။ မြန်မာအစိုးရဘက်ကလည်း အခုအချိန်အထိလည်း တံခါးဖွင့်ကြိုဆိုနေ ဆဲဖြစ်တယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေမြန်မာ ပိုင်းကိုပြော ပါတယ်။

"ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ ကျနော်တို့ စစ်ဘက်နဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေ အ များကြီး ထိခိုက်ဒဏ်ရာရ သေကြေပျက်စီးတာတွေရှိတယ်။ အခုဒဏ်ရာရ သေဆုံး စာရင်းကို ကြည့်လိုက်ရင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နည်းတယ် ကျနော်တို့ ပြည်သူ လူထုက များပါတယ် ။ အဲ့တော့ ဒီရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေတယ်။ လက်ရှိအချိန်မှာလည်း တံခါးဖွင့်ထားတယ်။ ကမ်းလှမ်းထားတယ်။ သို့သော် ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် NRPC ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ကြေညာချက်မှာပါတဲ့အတိုင်း ဒီရှမ်းမြောက်ဒေသအပါအဝင် တည်ငြိမ်အေးချမ်းမှုရအောင် အစိုးရက အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ် ဆိုတာ ပြောထားပြီးသားဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျနော်တို့က တံခါးဖွင့် ထားဆဲဖြစ်တယ်။ ကျနော်တို့က တိုက်တွန်းနေဆဲ ဖြစ်တယ်ပေါ့နော်။ နောက်ဆုံး ကျရင်တော့ ကျနော်တို့တိုင်းပြည်ကို ကမောက်ကမဖြစ်အောင် အခု လက်ရှိပေါ့နော် ကျနော်တို့ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံေ ရးမတည်ငြိမ်မှုတွေဖြစ်အောင် စီးပွားရေးအရ ကမောက်ကမတွေဖြစ်အောင် ခုနကပြောတဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်လာတာတွေ ဒီထက်ပိုပြီး ကြာရှည် လာအောင် ဒီ့ထက်ပိုပြီး ပြင်းထန်လာမယ်ဆိုရင်တော့ ဒီတာဝန်က အခု တိုက်ခိုက်တဲ့ လက်နက်ကိုင်ပေါ့နော် တာဝန်အပြည့်အဝ ဖြစ်လာပါလိမ့်မယ် ”

တရုတ်မြန်မာ အဆင်မြင့်အရာရှိများဆွေးနွေးပွဲ
တရုတ်မြန်မာ အဆင်မြင့်အရာရှိများဆွေးနွေးပွဲ

တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ဘက်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းေ ရး တည်ဆောက်ဖို့ဆိုရင် တပ်မတော်ဘက်က ထိုးစစ်ဆင်နေတာတွေကို ရပ်ပြီး တိုင်းရင်းဒေသတွေက ဆုတ်ခွာပေးဖို့ တောင်းဆိုလိုက်ပြီး သူတို့အနေနဲ့ ကတော့ မြန်မာ့ တပ်မတော်ကို မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် ပူးပေါင်း တိုက်ပွဲဝင်နေတာဖြစ်ပြီး ခုခံတော်လှန်ရေးစစ်ကို ဆက်ဆင်နွှဲ သွားမှာဖြစ်တယ် လို့ နိုဝင်ဘာလ ၂၅ရက်နေ့ နေ့စွဲက ပူးတွဲကြေညာချက် တစောင်ထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေး ထားတဲ့အတွက် တရုတ်နိုင်ငံကို လည်း ကျေးဇူးတင်တယ် ဆိုတာကို မဟာမိတ်အဖွဲ့ဘက်က မှတ်တမ်းတင်ဖော်ပြ ပါတယ်။

အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ တရုတ် မြန်မာ နယ်စပ် အနီး တိုက်ခိုက်နေတာတွေကို ရပ်စဲကြဖို့ တရုတ်နိုင်ငံ ဘက်က တောင်းဆိုထား ပါတယ်။ ခုလိုတိုက်ပွဲဖြစ်နေချိန်မှာ တရုတ်နိုင်ငံဘက်က အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ တရုတ် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

“ ကျနော်တို့ 2+2 Meeting ပေါ့။ 2+2 ဆိုတာက နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံြ ခားရေးဝန်ကြီးဌာနက ဒုဝန်ကြီးတွေ ဦးဆောင်ပြီးတော့ လုပ်တဲ့သဘောပေါ့။ အဲ့တာ ဘာကြောင့်လုပ်ရလဲဆိုတော့ ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ နယ်ခြား နယ်စပ်ဒေသနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ် တယ်ဆိုရင် အဆင့်လိုက်ကော်မတီတွေရှိတယ် နယ်ခြားကော်မတီတွေပေါ့နော် အဲ့တာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ တရုတ်နိုင်ငံက မရှိဘူး။ ဘာကြောင့် မရှိလဲဆိုတော့ တရုတ်-မြန်မာနယ်စပ်ပေါ့ နယ်နမိတ်မျဉ်းကို ဗဟိုပြုပြီးတော့ ဗဟို ချက်ပြုပြီးတော့ လုပ်နေတဲ့အခု လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေက အဲ့မှာရှိတယ်။ ရှိတဲ့အတွက် ကျနော် တို့နဲ့ တရုတ်နိုင်ငံနဲ့ကြားမှာ နယ်စပ်ဒေသ မှာဖြစ်ဖြစ် ဟိုဘက်ဒီဘက် တခုခုပေါ့နော် တည်ငြိမ်အေးချမ်းမှု လုံခြုံမှုကို ထိခိုက်စေ နိုင်တဲ့ဟာ ဖြစ်လာရင်ပဲဖြစ်ဖြစ် ကျနော်တို့ နှစ်နိုင်ငံကြားမှာ ပြောရရင် ဗဟို အဆင့်တွေမှာ သွားသွားပြောနေရတယ်။ ပြောနေရတော့ ကျန်တဲ့နိုင်ငံတွေနဲ့ အလားတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဒါက နှစ်ဘက်စလုံးကိုပြောတာပါ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးပါတဲ့ ကျနော် တို့ 2+2Meeting တွေ လုပ်သင့်တယ်ဆိုတဲ့ဟာနဲ့ဒီအစိုးရလက်ထက်မှာ စပြီးဆောင်ရွက်တာဖြစ်ပါတယ် ”

တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော် စစ်ကြောင်းတွေဘက်ကလည်း ဒေသတွင်း နယ်မြေလိုက် ရှင်းနေသလို တိုက်ပွဲေ တွကြောင့် အရပ်သားအချို့ အသက်သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလို အသက်အန္တရာယ် နဲ့ ဒေသတွင်း လုံခြုံရေး စိုးရိမ်ရလို့ တရုတ်နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ရသူတွေ အပါအဝင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သူ ထောင်ပေါင်းများစွာ ရှိလာနေပြီလို့ ကူညီ ကယ်ဆယ်ပေးနေ သူတွေကပြောပါတယ်။ ဒါကြောင့် ဒီပဋိပက္ခကို စစ်ရေး နည်းနဲ့ မဖြေရှင်းကြပဲ နိုင်ငံရေးနည်း လမ်းနဲ့ဖြေရှင်းကြပါလို့ ဒုက္ခသည်တွေကို လိုက်လံ ကူညီပေးနေတဲ့ ရှမ်းလူငယ်ကွန်ရက်အဖွဲ့က စိုင်းနော်စိုင်းက မေတ္တာရပ် ခံပါတယ်။

“နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းဖို့ပဲကောင်းပါတယ်။ အခုက ပြည်သူူလူထုပဲ နစ်နာ တယ်လေ။ အနာရှိရင် ဆေးရှိတယ်လေ။ ဆိုတော့ အမြန်ဆုံး ဖြေရှင်းဖို့ ကျနော်တို့ေ တာင်းဆိုချင်ပါတယ် ”

နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲရဲ့ တပ်မတော်တပ်စခန်းတွေ၊ ရဲစခန်းတွေနဲ့ ၁၀၅ မူဆယ် ကုန်သွယ်ရေးစခန်းကို ပစ်မှတ်ထားတဲ့ ပူးပေါင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား (၈)ဦးသေ ဆုံးခဲ့ရသလို အရပ်သား ၃၀ နီးပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အခု လက်ရှိအခြေအနေမှာလည်း ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်ဘက်တွေမှာတော့ တံတားတွေ ရဲကင်းတွေကို တိုက်ခိုက်မှုတွေရှိနေဆဲဖြစ်သလို ကုန်ကားတွေကို မီး ရှို့မှုတွေနဲ့ တံတားတွေမှာ မိုင်းထောင်ဖောက် ခွဲမှုတွေရှိနေပြီး အပြန်အလှန် ပစ်ခတ် မှုတွေနဲ့ ပေါက်ကွဲမှုတွေရှိပြီး အရပ်သားအချို့သေဆုံးမှုရှိနေပါတယ်။

တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးကြသူတွေရှိသလို ကွတ်ခိုင် မူဆယ်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ နဲ့ အနီးနားကျေးရွာက ဘုရားကျောင်းမှာ ခေတ္တ စစ်ရှောင် စခန်းတွေ ဖွင့်လှစ်ပြီး ဒေသခံပြည်သူတွေနဲ့ ရပ်မိရပ်ဖတွေက စောင့်ရှောက်ပေးေ နကြပါတယ်။ ဒုက္ခသည်စခန်းမှာ အများစု လာရောက်ခိုလှုံနေကြသူတွေကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်တွင်း က ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး လောလောဆယ်မှာတော့ ဆောင်းရာသီ ဖြစ်နေလို့ ရာသီဥတုဒဏ်ခံနိုင်ဖို့ စောင်တွေနဲ့ အနွေးထည်တွေ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG