သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အမရပူရၿမိဳ႕နယ္ NLD စည္း႐ုံးေရးမႉး သတ္ျဖတ္ခံရေၾကာင္း NLD အတည္ျပဳ


မႏၱေလးၿမိဳ႕ စစ္ေဆးေရးဂိတ္တခု (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္ရဲ႕ NLD စည္း႐ုံးေရးမႉး သတ္ျဖတ္ခံရၿပီး က်ဴးလြန္ ခဲ့သူေတြက သူ႔ရဲ႕အေလာင္းကို ဒီေန႔မနက္ပိုင္းမွာ စြန႔္ပစ္ထားခဲ့ပါတယ္။ အခုလို အမရပူရၿမိဳ႕နယ္က NLD စည္း႐ုံးေရးမႉး သတ္ျဖတ္ခံရတယ္ဆိုတာ မွန္ကန္ေၾကာင္း NLD ရဲ႕ တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။ NLD ပါတီဝင္ေတြ သတ္ျဖတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး အျပန္အလွန္ စြပ္စြဲမႈေတြကေတာ့ ရွိေနပါတယ္။ “ေသြးေသာက္မ်ား” ဆိုတဲ့ အဖြဲ႕တခုကေတာ့ သူတို႔သတ္ျဖတ္ခဲ့တယ္ဆိုတာ တယ္လီဂရမ္လူမႈကြန္ရက္မွာ ဝန္ခံထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အခုလို ေပၚေပါက္လာတဲ့ အဖြဲ႕အစည္းေတြကို ေဝဖန္ထားၿပီး သူတို႔အေနနဲ႔ တရားဝင္ဖြဲ႕စည္းႏိုင္တဲ့ ျပည္သူ႔စစ္အဖြဲ႕ကလြဲၿပီး က်န္တာဖြဲ႕စည္းမႈမရွိေၾကာင္း သတင္းစာရွင္းလင္းပြဲတခုမွာ ေျပာခဲ့ပါတယ္။

အမရပူရၿမိဳ႕နယ္ရဲ႕ NLD စည္း႐ုံးေရးမႉး ဦးေဇာ္ႀကီးဟာ ဒီေန႔မနက္ပိုင္းမွာ သတ္ျဖတ္ခံခဲ့ရတယ္ဆိုတာ မွန္ကန္ေၾကာင္း ပါတီရဲ႕ အလုပ္ေကာ္မတီ ေျပာခြင့္ရ ဦးေက်ာ္ေထြးက ဗြီအိုေအကို စာနဲ႔ေရးသား ေျဖၾကားခဲ့ပါတယ္။ ဦးေဇာ္ႀကီးအပါအဝင္ မႏၲေလးတိုင္းထဲမွာ ဧၿပီလ ၁၉ ရက္ေနာက္ပိုင္းကစၿပီး ဆက္တိုက္ဆိုသလို သတ္ျဖတ္ခံခဲ့ရတဲ့ NLD ပါတီဝင္ ၆ ဦးရွိသြားပါၿပီ။

NLD အလုပ္ေကာ္မတီေျပာခြင့္ရ ဦးေက်ာ္ေထြးကေတာ့ ပါတီဝင္ေတြကို အခုလိုက်ဴးလြန္ခဲ့တာေတြကို မွတ္တမ္းျပဳစုထားၿပီး မၾကာခင္မွာ ထုတ္ျပန္ေပးမယ္လို႔ ဗြီအိုေအကို ေျဖၾကားခဲ့တာပါ။

ဦးေဇာ္ႀကီးအပါအဝင္ မႏၲေလးတိုင္းထဲက NLD ပါတီဝင္ ေျခာက္ဦးအထိ လုပ္ႀကံခဲ့တယ္လို႔ ေသြးေသာက္မ်ားဆိုတဲ့ အဖြဲ႔တခုက တယ္လီဂရမ္ လူမႈကြန္ရက္ကေန ထုတ္ျပန္ထားပါတယ္။ အခုေနာက္ပိုင္း NLD ပါတီဝင္တခ်ိဳ႕ တိုက္ခိုက္၊ လုပ္ႀကံခံရတာနဲ႔ ပတ္သက္ၿပီး အတိုက္အခံေတြနဲ႔ အာဏာသိမ္းစစ္ေကာင္စီၾကားမွာ အျပန္ အလွန္ စြပ္စြဲေျပာဆိုေနတာေတြရွိပါတယ္။ အခုလိုအဖြဲ႕အစည္းေတြ ေပၚေပါက္ေနတာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ စစ္တပ္ အေနနဲ႔ လိုအပ္တဲ့အခါ ဖြဲ႔စည္းႏိုင္တဲ့ ျပည္သူ႔စစ္အဖြဲ႔ကလြဲလို႔ က်န္တဲ့အဖြဲ႔ အစည္းေတြနဲ႔ ဆက္စပ္မႈမရွိေၾကာင္း ဧၿပီလ ၂၇ ရက္ ေနျပည္ေတာ္ သတင္းစာရွင္း လင္းပြဲမွာ ေျပာခဲ့ပါတယ္။

"ႏိုင္ငံေတာ္ရဲ႕ လက္ရွိ ကာကြယ္ေရး မဟာဗ်ဴဟာသည္လည္း ကာကြယ္ေရး မဟာဗ်ဴဟာရွိတယ္။ က်ေနာ္တို႔ ဥပေဒ စည္းမ်ဥ္း စည္းကမ္းေတြအရလည္း နယ္ေျမတေနရာရာပဲျဖစ္ျဖစ္၊ ေဒသတခုမွာျဖစ္ျဖစ္ လုံၿခဳံေရးအရ လိုအပ္လာလို႔ရွိရင္ ျပည္သူ႔စစ္အဖြဲ႔မ်ား ဖြဲ႔စည္းပိုင္ခြင့္ရွိပါတယ္။ အစိုးရအေနနဲ႔က ျပည္သူလူထုရဲ႕ နယ္ေျမခံေဒသလူထုရဲ႕ ေတာင္းဆိုခ်က္နဲ႔အညီ က်ေနာ္တို႔အေနနဲ႔ တရားဝင္ဖြဲ႔စည္းခြင့္ရွိတဲ့ ျပည္သူ႔စစ္အဖြဲ႕အမ်ား ဖြဲ႕စည္းေဆာင္႐ြက္လ်က္ရွိတယ္။ က်န္တဲ့ အဖြဲ႔အစည္းမ်ားနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ဖြဲ႕စည္းေဆာင္႐ြက္လ်က္ မရွိပါဘူး။ ဒါကိုတိတိလင္းလင္း ေျပာခ်င္ပါတယ္။"

၂၀၂၁ ေဖေဖာ္ဝါရီလ ၉ ရက္မွာ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္က NLD ႐ုံးခ်ဳပ္ကို စစ္ေကာင္စီအဖြဲ႕ေတြက ပထမဦးဆုံးအႀကိမ္ ဝင္ေရာက္စီးနင္းခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာ အနယ္နယ္အရပ္ရပ္က NLD ႐ုံးေတြကို ေဖာက္ခြဲတိုက္ခိုက္တာ၊ ဝင္ေရာက္စီးနင္းတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ NLD ႐ုံးခ်ဳပ္အပါအဝင္ ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ ပဲခူး၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္က ႐ုံးခြဲေပါင္း ၉၇ ခုတိုက္ခိုက္ခံရတယ္လို႔ ပါတီရဲ႕ ေျပာခြင့္ရက ဗြီအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

အမရပူရမြို့နယ် NLD စည်းရုံးရေးမှူး သတ်ဖြတ်ခံရကြောင်း NLD အတည်ပြု

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရဲ့ NLD စည်းရုံးရေးမှူး သတ်ဖြတ်ခံရပြီး ကျူးလွန် ခဲ့သူတွေက သူ့ရဲ့အလောင်းကို ဒီနေ့မနက်ပိုင်းမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အခုလို အမရပူရမြို့နယ်က NLD စည်းရုံးရေးမှူး သတ်ဖြတ်ခံရတယ်ဆိုတာ မှန်ကန်ကြောင်း NLD ရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ NLD ပါတီဝင်တွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမှုတွေကတော့ ရှိနေပါတယ်။ “သွေးသောက်များ” ဆိုတဲ့ အဖွဲ့တခုကတော့ သူတို့သတ်ဖြတ်ခဲ့တယ်ဆိုတာ တယ်လီဂရမ်လူမှုကွန်ရက်မှာ ဝန်ခံထားပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေကို ဝေဖန်ထားပြီး သူတို့အနေနဲ့ တရားဝင်ဖွဲ့စည်းနိုင်တဲ့ ပြည်သူ့စစ်အဖွဲ့ကလွဲပြီး ကျန်တာဖွဲ့စည်းမှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။

အမရပူရမြို့နယ်ရဲ့ NLD စည်းရုံးရေးမှူး ဦးဇော်ကြီးဟာ ဒီနေ့မနက်ပိုင်းမှာ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ မှန်ကန်ကြောင်း ပါတီရဲ့ အလုပ်ကော်မတီ ပြောခွင့်ရ ဦးကျော်ထွေးက ဗွီအိုအေကို စာနဲ့ရေးသား ဖြေကြားခဲ့ပါတယ်။ ဦးဇော်ကြီးအပါအဝင် မန္တလေးတိုင်းထဲမှာ ဧပြီလ ၁၉ ရက်နောက်ပိုင်းကစပြီး ဆက်တိုက်ဆိုသလို သတ်ဖြတ်ခံခဲ့ရတဲ့ NLD ပါတီဝင် ၆ ဦးရှိသွားပါပြီ။

NLD အလုပ်ကော်မတီပြောခွင့်ရ ဦးကျော်ထွေးကတော့ ပါတီဝင်တွေကို အခုလိုကျူးလွန်ခဲ့တာတွေကို မှတ်တမ်းပြုစုထားပြီး မကြာခင်မှာ ထုတ်ပြန်ပေးမယ်လို့ ဗွီအိုအေကို ဖြေကြားခဲ့တာပါ။

ဦးဇော်ကြီးအပါအဝင် မန္တလေးတိုင်းထဲက NLD ပါတီဝင် ခြောက်ဦးအထိ လုပ်ကြံခဲ့တယ်လို့ သွေးသောက်များဆိုတဲ့ အဖွဲ့တခုက တယ်လီဂရမ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ထားပါတယ်။ အခုနောက်ပိုင်း NLD ပါတီဝင်တချို့ တိုက်ခိုက်၊ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး အတိုက်အခံတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကြားမှာ အပြန် အလှန် စွပ်စွဲပြောဆိုနေတာတွေရှိပါတယ်။ အခုလိုအဖွဲ့အစည်းတွေ ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ် အနေနဲ့ လိုအပ်တဲ့အခါ ဖွဲ့စည်းနိုင်တဲ့ ပြည်သူ့စစ်အဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်မှုမရှိကြောင်း ဧပြီလ ၂၇ ရက် နေပြည်တော် သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့ပါတယ်။

"နိုင်ငံတော်ရဲ့ လက်ရှိ ကာကွယ်ရေး မဟာဗျူဟာသည်လည်း ကာကွယ်ရေး မဟာဗျူဟာရှိတယ်။ ကျနော်တို့ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေအရလည်း နယ်မြေတနေရာရာပဲဖြစ်ဖြစ်၊ ဒေသတခုမှာဖြစ်ဖြစ် လုံခြုံရေးအရ လိုအပ်လာလို့ရှိရင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်။ အစိုးရအနေနဲ့က ပြည်သူလူထုရဲ့ နယ်မြေခံဒေသလူထုရဲ့ တောင်းဆိုချက်နဲ့အညီ ကျနော်တို့အနေနဲ့ တရားဝင်ဖွဲ့စည်းခွင့်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့အများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်။ ကျန်တဲ့ အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းဆောင်ရွက်လျက် မရှိပါဘူး။ ဒါကိုတိတိလင်းလင်း ပြောချင်ပါတယ်။"

၂၀၂၁ ဖေဖော်ဝါရီလ ၉ ရက်မှာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က NLD ရုံးချုပ်ကို စစ်ကောင်စီအဖွဲ့တွေက ပထမဦးဆုံးအကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က NLD ရုံးတွေကို ဖောက်ခွဲတိုက်ခိုက်တာ၊ ဝင်ရောက်စီးနင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ NLD ရုံးချုပ်အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ရုံးခွဲပေါင်း ၉၇ ခုတိုက်ခိုက်ခံရတယ်လို့ ပါတီရဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

==============

XS
SM
MD
LG