သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဓာတုလက်နက် ဖျက်သိမ်းရေး ခက်ခဲဖွယ်ရှိ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေ လွဲှပြောင်းပေးရေး ရုရှားနိုင်ငံက
ရေးဆွဲထားတဲ့ အစီအစဉ်တရပ်ကို အမေရိကန်ထံ ပေးအပ်လိုက်တဲ့အကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ အနည်းဆုံး ၂ ရက်လောက်ကြာမြင့်မယ့်
တွေ့ဆုံဆွေးနွေးမှု မတိုင်မီမှာပဲ ကြေညာချက် ထွက်ပေါ်လာတာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ အစီအစဉ် အသေးစိတ်ကို ပြောဆိုတာမျိုး မရှိခဲ့ဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့
ဆွေးနွေးမယ့်အကြောင်းကိုပဲ ပြောဆိုသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယားရဲ့ ဓာတုလက်နက်တွေ လွဲှပြောင်းပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့ သဘောတူညီချက် ရရှိရေးဟာ ခက်ခဲမယ့်အကြောင်း ပြောဆိုထားတာပါ။

အမေရိကန်က လက်နက်ရေးရာ ကျွမ်းကျင်သူတွေနဲ့အတူ သွားရောက်မယ့် ဝန်ကြီး ကယ်ရီ ဟာ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ဆီးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် Lakhdar Brahimi နဲ့လည်း ဂျနီဗာမြို့မှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki ကတော့ အမေရိကန် အနေနဲ့ ဆွေးနွေးပွဲတွေမှာ အချိန်ကုန်မယ့် ကစားနည်းမျိုးထက် ခိုင်မာတဲ့ ကမ်းလှမ်းချက်မျိုးကိုသာ လက်ခံမှာဖြစ်ပြီး၊ အောင်မြင်မှုမရှိရင် စစ်ရေးအရ အရေးယူနိုင်ဖို့ ဆက်လက် ပြင်ဆင်ထားဆဲ ဖြစ်တဲ့အကြောင်း
ပြောပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဓာတုလက်နက်တွေကို သိမ်းဆည်းပြီး ဖျက်ဆီးပစ်ရမယ့် အစီအစဉ်ဟာ ကြီးမားလွန်းတဲ့ ကိစ္စဖြစ်မယ်လို့ သတိပေးနေကြတာပါ။ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာ ဓာတုလက်နက် အများဆုံး စုဆောင်းထားတဲ့ ဆီးရီးယားမှာ အစိုးရနဲ့ သူပုန်တွေကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် လွယ်ကူနိုင်မှာ မဟုတ်ဘူးလို့လည်း မြင်ကြပါတယ်။

ဆီးရီးယားဟာ ဓာတုလက်နက်တွေ စုဆောင်းမှုကို တားမြစ်တဲ့ နိုင်ငံတကာပဋိဉာဉ်ကို လက်မှတ်ရေးထိုးမထားပေမဲ့၊ အသုံးမပြုဖို့ တားမြစ်ချက်ကိုတော့ သဘောတူထားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။
XS
SM
MD
LG