သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကြာဝဠာ သုတေသန ပညာရှင် ၃ ဦး ၂၀၁၉ ရူပဗေဒ နိုဘယ်ဆုရ


၂၀၁၉ ရူပဗေဒ နိုဘယ်ဆုရသူ ၃ ဦး (အောက်တိုဘာ၊ ၀၈၊ ၂၀၁၉)
၂၀၁၉ ရူပဗေဒ နိုဘယ်ဆုရသူ ၃ ဦး (အောက်တိုဘာ၊ ၀၈၊ ၂၀၁၉)

စကြဝဠာ အဆင့်ဆင့်ပြောင်းလဲလာမှုနဲ့ နက္ခတ်တာယာတွေထဲ ကမ္ဘာမြေတည်ရှိမှုကို နားလည်သိရှိလာအောင် ကြိုးပမ်းခဲ့ကြတဲ့ သိပ္ပံပညာရှင် သုံးဦးကို နိုဘဲလ်ကော်မတီက ဒီနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘဲလ်ဆု ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

စကြဝဠာအစကနေ ဘယ်လို အဆင့်ဆင့် ပြောင်းလဲလာခဲ့တယ်ဆိုတာကို နားလည်သိရှိအောင် ကြိုးပမ်းခဲ့တဲ့ သိပ္ပံပညာရှင် James Peebles ကို နိုဘဲလ်ဆုငွေ ဒေါ်လာ ၉၁၈,၀၀၀ ရဲ့ တဝက်ကို ပေးအပ်မှာဖြစ်ပြီး ကျန်တဝက်ကိုတော့ နောက်ထပ် သိပ္ပံပညာရှင် နှစ်ဦးဖြစ်တဲ့ Michel Mayor နဲ့ Didier Queloz တို့ကို ချီးမြှင့်သွားယ့်အကြောင်း နိုဘဲလ်ကော်မတီက ဒီကနေ့ပဲ ကြေညာလိုက်တာပါ။

James Peebles ဟာ စကြဝဠာနဲ့ ပတ်သက်တဲ့ ဒီကနေ့ခေတ် အယူအဆတွေရဲ့ အခြေခံကို ရှာဖွေဖော်ထုတ်ပေးခဲ့သူ ဖြစ်တယ်လို့ နိုဘဲလ်ကော်မတီက ပြောပါတယ်။ Michel Mayor နဲ့ Didier Queloz တို့ကတော့ ကမ္ဘာမြေကြီး အပါအဝင် နေ စကြဝဠာ စနစ်ရဲ့အပြင်ဘက်မှာ နောက်ထပ် နေ စကြဝဠာအဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာကို ၁၉၉၅ ခုနှစ်မှာ ပထမဆုံးရှာဖွေတွေ့ရှိကြောင်း ကြေညာခဲ့ကြသူတွေဖြစ်ပါတယ်။

အဲ့ဒီအချိန်ကစလို့ နေ စကြဝဠာအပြင်ဘက် နဂါးငွေ့တန်း ကြယ်စုဝေးတွေထဲမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါင်း ၄၀၀၀ ကျော် ရှိနေတာကို သုတေသနပညာရှင်တွေ ရှာဖွေတွေ့ခဲ့ကြတာပါ။

ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို စတင်ရှာဖွေဖို့ကြိုးစားတဲ့ အစီအစဉ်တွေကနေ အဲ့ဒီနေရာတွေမှာ သက်ရှိသတ္တဝါတွေ ရှိနေမလားဆိုတဲ့ အဖြေကို ရှာတွေ့ကောင်း တွေ့လာနိုင်တယ်လို့ နိုဘဲလ်ကော်မတီက ပြောပါတယ်။

[Unicode Version]






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG