ဆဲလ္ေတြက ေအာက္စီဂ်င္ ဘယ္မွာ႐ွိတယ္ဆိုတာ သိေအာင္လုပ္ၿပီး ရယူအသံုးခ်ပံုကို ႐ွာေဖြေတြ႔႐ွိခဲ့တဲ့ အေမရိကန္သိပၸံပညာ႐ွင္ ႏွစ္ ေယာက္နဲ႔ ၿဗိတိန္သိပၸံပညာ႐ွင္ တ ေယာက္ကို ၂၀၁၉ ခုႏွစ္အတြက္ ေဆးပညာရပ္ဆိုင္ရာ Nobel ဆုေပးဖုိ႔ ေ႐ြးခ်ယ္လိုက္ပါတယ္။
သိပၸံပညာ႐ွင္ေတြျဖစ္တဲ့ William Kaelin, Gregg Semenza နဲ႔ Peter Ratcliffe တို႔ကို ပူးတဲြဆုေပးလိုက္တယ္လို႔ ေဆးပညာရပ္ဆုိင္ရာ Nobel ေကာ္မတီ အတြင္းေရးမွဴးခ်ဳပ္ Thomas Perlmann က Sweden ႏိုင္ငံ Stockholm ၿမိဳ႕ေတာ္မွာ ဒီကေန႔ ေၾကျငာတာျဖစ္ပါတယ္။
ဆဲလ္ေတြရဲ႕ ဇီဝျဖစ္စဥ္နဲ႔ ဇီဝျဖစ္ပ်က္မႈေတြမွာ ေအာက္စီဂ်င္ပမာဏက ဘယ္ေလာက္ သက္ေရာက္မႈ႐ွိတယ္ဆုိတာ အေျခခံနားလည္ေအာင္ ဒီသိပၸံပညာ႐ွင္ေတြက ေလ့လာခဲ့ၾကတယ္လို႔ ဆုေ႐ြးခ်ယ္ေရးေကာ္မတီက ေျပာပါတယ္။
သူတို႔ရဲ႕ ေလ့လာမႈေတြကေန ေသြးအားနည္းေရာဂါ၊ ကင္ဆာေရာဂါနဲ႔ တျခားေရာဂါေတြကို တိုက္ဖ်က္ႏုိင္မယ့္ နည္းလမ္းသစ္ေတြ႐ွာေဖြဖုိ႔ အေထာက္အကူျဖစ္ခဲ့တယ္လို႔ဒီကေန႔ ဆုေၾကျငာစဥ္မွာ ေျပာၾကားသြားပါတယ္။
ေဒၚလာ ၉ သိန္းေက်ာ္နဲ႔ညီမွ်တဲ့ ဆုေငြေတြကို သိပၸံပညာ႐ွင္ ၃ ေယာက္ ခဲြေဝရၾကမွာျဖစ္ပါတယ္။ ႏွစ္စဥ္ေပးတဲ့ Nobel ဆုေတြမွာ ေဆးပညာရပ္ဆိုင္ရာ Nobel ဆုကို ပထမဆံုးေၾကညာတာျဖစ္ပါတယ္။
[Unicode Version]
ဆဲလ်တွေက အောက်စီဂျင် ဘယ်မှာရှိတယ်ဆိုတာ သိအောင်လုပ်ပြီး ရယူအသုံးချပုံကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမေရိကန်သိပ္ပံပညာရှင် နှစ် ယောက်နဲ့ ဗြိတိန်သိပ္ပံပညာရှင် တ ယောက်ကို ၂၀၁၉ ခုနှစ်အတွက် ဆေးပညာရပ်ဆိုင်ရာ Nobel ဆုပေးဖို့ ရွေးချယ်လိုက်ပါတယ်။
သိပ္ပံပညာရှင်တွေဖြစ်တဲ့ William Kaelin, Gregg Semenza နဲ့ Peter Ratcliffe တို့ကို ပူးတွဲဆုပေးလိုက်တယ်လို့ ဆေးပညာရပ်ဆိုင်ရာ Nobel ကော်မတီ အတွင်းရေးမှူးချုပ် Thomas Perlmann က Sweden နိုင်ငံ Stockholm မြို့တော်မှာ ဒီကနေ့ ကြေငြာတာဖြစ်ပါတယ်။
ဆဲလ်တွေရဲ့ ဇီဝဖြစ်စဉ်နဲ့ ဇီဝဖြစ်ပျက်မှုတွေမှာ အောက်စီဂျင်ပမာဏက ဘယ်လောက် သက်ရောက်မှုရှိတယ်ဆိုတာ အခြေခံနားလည်အောင် ဒီသိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြတယ်လို့ ဆုရွေးချယ်ရေးကော်မတီက ပြောပါတယ်။
သူတို့ရဲ့ လေ့လာမှုတွေကနေ သွေးအားနည်းရောဂါ၊ ကင်ဆာရောဂါနဲ့ တခြားရောဂါတွေကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းသစ်တွေရှာဖွေဖို့ အထောက်အကူဖြစ်ခဲ့တယ်လို့ဒီကနေ့ ဆုကြေငြာစဉ်မှာ ပြောကြားသွားပါတယ်။
ဒေါ်လာ ၉ သိန်းကျော်နဲ့ညီမျှတဲ့ ဆုငွေတွေကို သိပ္ပံပညာရှင် ၃ ယောက် ခွဲဝေရကြမှာဖြစ်ပါတယ်။ နှစ်စဉ်ပေးတဲ့ Nobel ဆုတွေမှာ ဆေးပညာရပ်ဆိုင်ရာ Nobel ဆုကို ပထမဆုံးကြေညာတာဖြစ်ပါတယ်။