သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာသမ္မတ ငြိမ်းချမ်းရေး နိုဘယ်ဆုရ


ဒုတိယအကြိမ် သမ္မတအဖြစ်ရွေးချယ်ခံရပြီး ဂုဏ်ပြုပွဲဆင်နွှဲနေပုံ။ ညာဘက်လက်မှာ ငြိမ်းချမ်းရေး လို့ ရေးသားထားပါတယ်။
ဒုတိယအကြိမ် သမ္မတအဖြစ်ရွေးချယ်ခံရပြီး ဂုဏ်ပြုပွဲဆင်နွှဲနေပုံ။ ညာဘက်လက်မှာ ငြိမ်းချမ်းရေး လို့ ရေးသားထားပါတယ်။

ကိုလံဘီယာသမ္မတ Juan Manuel Santos ကို ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အဖြစ် နိုဘယ် ဆုရွေးချယ်ရေးကော်မတီက ဒီကနေ့ ကြေညာလိုက်ပါတယ်။ အခုလို ဆုလက်ခံရရှိတဲ့အတွက် ကျေးဇူးတင် ဝမ်းသာဂုဏ်ယူကြောင်းနဲ့ နိုင်ငံအတွက် တခါ စစ်ပွဲတွေအတွင်း ထိခိုက်ဆုံးရှုံးခဲ့သူတွေအတွက် အလွန်အရေးကြီးကြောင်း သမ္မတ Santos က ပြောပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ပိုပြီး သံဓိဌာန်ခိုင်မာသွားကြောင်း ပြောပါတယ်။

နော်ေ၀ အင်စတီကျု ညွှန်ကြားရေးမှူးက ငြိမ်းချမ်းရေး နိုဘယ်ဆု ပေး ဖို့ ရွေးချယ်ကြောင်း တယ်လီဖုန်း ဆက်သွယ်ပြောကြားရာမှာ မစ္စတာ Santos က အခုလိုပြောကြားခဲ့တာပါ။ ကိုလံဘီယာအစိုးရနဲ့ ကိုလံဘီယာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ FARC တို့ကြား ၅၂ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို မကြာသေးခင်ကမှ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါပေမယ့်လည်း ဒီ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပါတ်သတ်လို့ လူထုဆန္ဒခံယူပွဲမှာ ကျင်းပရာမှာ ကန့်ကွက်သူ ၅၀.၂ % ထောက်ခံသူ ၄၉.၇% နဲ့ မမျှော်လင့်ဘဲ ကပ်ပြီး ပယ်ချခံခဲ့ရပြီးနောက် မကြာခင်မှာပဲ အခုလိုဆုချီးမြှင့်တဲ့အတွက် အများက အံ့အားသင့်ကြပါတယ်။

ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတဲ့ထဲမှာ FARC အဖွဲ့အပေါ် အစိုးရအနေနဲ့ အလျော့ပေးလိုက်လျော လွန်းအားကြီးတယ်လို့ မဲဆန္ဒရှင်အများအပြားက ယုံကြည်ထားကြတာပါ။ အခုလို ငြိမ်းချမ်းရေး နိုဘယ် ဆုချီးမြှင့်တာဟာ ကိုလံဘီယာပြည်သူတွေကို ဂုဏ်ပြုတာဆိုတဲ့အနေနဲ့ ကြည့်မြင်နိုင်ကြောင်းလည်း ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ Kaci Kullmann Five က ဆုကြေညာစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာကြောင့် ကိုလံဘီယာသမ္မတနဲ့ ကိုလံဘီယာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ FARC တို့ကြား ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်း အသိအမှတ်ပြုသွားဖို့ ပိုအရေးကြီးတဲ့ အနေအထား ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်းလည်း ဆုရွေးချယ်ရေး ကော်မတီ ကပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နော်ဝေနိုင်ငံ အော်စလိုမှာ ကျင်းပမယ့်ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲအတွင်း ဆုတံဆိပ်နဲ့အတူ ဒေါ်လာ ၉ သိန်း ၃ သောင်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG