၂၀၁၃ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို ကနေဒါနိုင်ငံသူ စာရေးဆရာမ အဲလစ်စ် မွန်ရို (Alice Munro) ကို ချီးမြှင့်လိုက် တဲ့အကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမ်မြို့အခြေစိုက် နိုဘဲလ်ကော်မတီက ကြေညာပါတယ်။
အသက် ၈၂ နှစ်အရွယ် မွန်ရိုဟာ “ခေတ်ပြိုင်ဝတ္ထုတိုရဲ့ ဆရာတစ်ဆူ” ဖြစ်တယ် ဆိုပြီးတော့ ဆုကို ကြာသပတေးနေ့က ကြေညာ တဲ့အချိန်မှာ နိုဘဲလ်ကော်မတီက ကင်ပွန်းတပ် ခေါ်ဆိုခဲ့ပါတယ်။
မွန်ရိုဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စပြီးတော့ စာရေးခဲ့သူဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဝတ္ထုတိုပေါင်းချုပ် အများအပြားကို ထုတ်ဝေခဲ့ပါတယ်။ သူဟာ ကနေဒါနိုင်ငံရဲ့ စာပေဆိုင်ရာ အမြင့်ဆုံးဆုဖြစ်တဲ့ ဘုရင်ခံချုပ်ဆုအပါအဝင် တခြား စာပေဆိုင်ရာဆု အများအပြားကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
အခုချီးမြှင့်ခံရတဲ့ နိုဘဲလ်ဆုကတော့ သူ့ရဲ့ စာရေးသက်တမ်းမှာ အမြင့်ဆုံးဆု ဖြစ်ဖွယ်ရှိပါတယ်။ သူ နောက်ထပ် စာပေတွေ ရေးဖို့အလားအလာ မရှိနိုင်တော့ဘူးဆိုပြီး ဒီနှစ်အစောပိုင်းမှာပဲ ပြောခဲ့ပါသေးတယ်။
မွန်ရိုဟာ စာပေဆိုင်ရာနိုဘဲလ်ဆု ချီးမြှင့်ခံရတဲ့ ၁၃ ဦးမြောက် အမျိုးသမီးဖြစ်ပါတယ်။ လူတွေအနေနဲ့ ဝတ္ထုတိုကို အရေးပါတဲ့ အနုပညာလက်ရာ တစ်ခုအဖြစ် မြင်လာစေဖို့ ဒီဆုက လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။
ဒီနှစ်အတွက် နိုဘဲလ်ဆုတွေကို ဆက်တိုက်ကြေညာနေတာမှာ ငြိမ်းချမ်းရေး ဆိုင်ရာ နိုဘဲလ်ဆုကိုတော့ သောကြာနေ့မှာ ကြေညာ မှာဖြစ်ပါတယ်။