သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပရိုတိန်းဓာတ် အခြေခံတွေ ဖော်ထုတ်ခဲ့သူ ပညာရှင် ၃ ဦး ဓာတုဗေဒနိုဘယ်ဆုရ

ဓါတုဗေဒ နိုဘယ်ဆုရှင်များကို ကြေညာနေစဉ် (အောက်တိုဘာ ၉၊ ၂၀၂၄)
ဓါတုဗေဒ နိုဘယ်ဆုရှင်များကို ကြေညာနေစဉ် (အောက်တိုဘာ ၉၊ ၂၀၂၄)

သက်ရှိတွေရဲ့ ဘဝ ရှင်သန်ရေး အခြေခံ ဆဲလ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်း အာဟာရဓါတ် ဖြစ်တည်မှုကို သုတေသနလုပ်ခဲ့တဲ့ ပညာရှင် ၃ ယောက်ကို ဒီနှစ် ဓါတုဗေဒ နိုဘယ်ဆုရှင်တွေ အဖြစ် ဆွီဒင်နိုင်ငံ နိုဘယ်ဆု ရွေးချယ်ရေး အကယ်ဒမီက ကြေညာပါတယ်။

အမေရိကန် ပြည်ထောင်စု Seattle မြို့ ဝါရှင်တန် တက္ကသိုလ်က David Bakerနဲ့ လန်ဒန် Google Deepmind ဌာနမှာ အလုပ်လုပ်ကိုင်သူတွေ ဖြစ်တဲ့ Demis Hassabis နဲ့ John Jumper တို့ ပညာရှင်သုံးယောက်ကို ၂၀၂၄ ခုနှစ် ဓါတုဗေဒ နိုဘယ်ဆုရှင်တွေအဖြစ် ရွေးချယ်လိုက်တာပါ။

သူတို့ သုံးယောက်ဟာ သတ္တဝါတွေ အသက်ရှင်နေထိုင်ဖို့ အရေးပါတဲ့ အမိုင်နို အက်ဆစ်ရဲ့ အကျိုးဆက်နဲ့ ပရိုတိန်းဓါတ် တည်ဆောက်မှုအကြား ဆက်နွယ်မှုကို သုတေသန လုပ်ခဲ့တဲ့ ပညာရှင်တွေ ဖြစ်တဲ့အကြောင်း ဆွီဒင် အကယ်ဒမီ သိပ္ပံက ကြေညာပါတယ်။

ပညာရှင်တွေရဲ့ ပရိုတိန်းဓါတ်နဲ့ ပတ်သက်တဲ့ သုတေသနပြုချက်တွေဟာ ဓါတုဗေဒပညာအတွက် စိန်ခေါ်မှု၊ အထူးသဖြင့် ဇီဝဓါတုဗေဒ ပညာရပ်အတွက် ထူးခြားတဲ့ မှတ်တိုင်တခု ဖြစ်တဲ့အတွက် ဆုချီးမြှင့်ဖို့ ရွေးချယ်လိုက်တာလို့လည်း ကြေညာပါတယ်။

၂၀၂၄ ခုနှစ်အတွက် နိုဘယ်ဆုရှင်တွေကို ဆွီဒင်နိုင်ငံ အကယ်ဒမီ သိပ္ပံက ရက်ဆက်ကြေညာနေပြီး ရူပဗေဒ၊ ဇီဝကမ္မ၊ ဆေးပညာနဲ့ ၊ဓါတုဗေဒပညာရှင်တွေ ကြေညာပြီးဖြစ်ပါတယ်။ မနက်ဖြန် စာပေနိုဘယ်ဆုရှင်ကို ရွေးချယ်မှာဖြစ်ပြီး သောကြာနေ့မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့ နော်ဝေနိုင်ငံ နိုဘယ်ကော်မတီက ရွေးချယ် ကြေညာမှာဖြစ်ပါတယ်။ တနင်္လာနေ့မှာ စီးပွားရေးနိုဘယ်ဆုရှင်ကို ဆွီဒင် အကယ်ဒမီ သိပ္ပံက ကြေညာမှာဖြစ်ပါတယ်။

ပရိုတိန်းဓာတ် အခြေခံတွေ ဖော်ထုတ်ခဲ့သူ ပညာရှင် ၃ ဦး ဓာတုဗေဒနိုဘယ်ဆုရ
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG