သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရူပဗေဒနိုဘယ်ဆု AI နည်းပညာ အခြေခံ ဖော်ထုတ်သူ ပညာရှင် ၂ ဦးကို ချီးမြှင့်

၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ကြေညာနေစဉ် (အောက်တိုဘာ ၈၊ ၂၀၂၄)
၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ကြေညာနေစဉ် (အောက်တိုဘာ ၈၊ ၂၀၂၄)

၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို AI နည်းပညာ အခြေခံ ဖော်ထုတ်သူ ပညာရှင် ၂ ဦးကို ချီးမြှင့်လိုက်ပါတယ်။ ကွန်ပျူတာသိပ္ပံပညာရပ်ဆိုင်ရာ Machine Learning နဲ့ပတ်သက်တဲ့ရှာဖွေတွေ့ရှိမှုတွေနဲ့ ထိုးထွင်းတီထွင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါက ရူပဗေဒပညာရှင် John Hopfield နဲ့ Geoffrey Hinton တို့နှစ်ဦးကို ပူးတွဲချီးမြှင့်လိုက်တာပါ။

အာရုံကြောအတု ကွန်ရက်တွေကိုအသုံးပြုပြီး ဉာဏ်ရည်တုအသုံးပြု စက်တွေကသင်ယူနိုင်မယ့် အခြေခံဖန်တီးမှုဆိုင်ရာ ရှာဖွေတွေ့ရှိမှုနဲ့ တီထွင်မှုတွေအတွက် ၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ် Princeton တက္ကသိုလ်က ရူပဗေဒပညာရှင် John Hopfield နဲ့ ကနေဒါနိုင်ငံ Toronto တက္ကသိုလ်က Geoffrey Hinton တို့ကို ဆုရွေးချယ်ပေးအပ်ခဲ့တာဖြစ်တဲ့အကြောင်း တော်ဝင် ဆွီဒင် သိပ္ပံ အကယ်ဒမီ အထွေထွေ အတွင်းရေးမှူး Hans Ellegren က ကြေညာသွားပါတယ်။

သူတို့ရဲ့ တွေ့ရှိချက်တွေနဲ့ တီထွင်မှုက များပြားလှတဲ့ ဒေတာအချက်အလက်တွေကို စီမံခန့်ခွဲဖို့နဲ့ ခွဲခြမ်းစိတ်ဖြာဖို့အပါအဝင် အရေးကြီးတဲ့ သုတေသနလုပ်ငန်းတွေအတွက် ကြီးမားတဲ့အထောက်အကူဖြစ်စေတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ကပြောပါတယ်။

နိုဘယ်ရူပဗေဒဆုအတွက် ဆွီဒင်သုံး ခရိုနာငွေ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ သန်း) ချီးမြှင့်မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် နိုဘယ်ဆုတွေကို ဒီတပတ်ကစ ချီးမြှင့်တာမှာ ဆေးပညာဆိုင်ရာဆုနဲ့ ရူပဗေဒဆုကိုကြေညာပြီးဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒဆိုင်ရာဆု၊ ကြာသပတေးနေ့မှာ စာပေဆု၊ သောကြာနေ့မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကြေညာမှာပါ။ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုတော့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကြေညာမှာဖြစ်ပါတယ်။

ရူပဗေဒနိုဘယ်ဆု AI နည်းပညာ အခြေခံ ဖော်ထုတ်သူ ပညာရှင် ၂ ဦးကို ချီးမြှင့်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG