သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚစုကို ကုလကိုယ္စားလွယ္နဲ႔ စစ္ေကာင္စီ အနာဂတ္မွာ ေတြ႕ခြင့္ေပးမလား


ေဒၚေအာင္ဆန္းစုၾကည္ (၂၀၁၉ ) 

[[Zawgyi/Unicode]]

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ကို ေနာက္ပိုင္း သင့္ေတာ္ တဲ့အခ်ိန္တခုမွာ ဖမ္းဆီးအက်ဥ္းခ်ခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ေပးမယ္လို႔ စစ္ေကာင္စီအႀကီးအကဲက ေျပာၾကားခဲ့တယ္လို႔ ကုလသမဂၢက ေျပာတဲ့အေၾကာင္း ေအပီသတင္းမွာ ေရးပါတယ္။ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ ဗုဒၶဟူးေန႔က ေနျပည္ေတာ္မွာေတြ႔ဆုံစဥ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဲဒီလို ေျပာၾကားခဲ့တာလို႔ အတြင္းေရးမႉးခ်ဳပ္ရဲ႕ လက္ေထာက္ ေျပာခြင့္ရ Farhan Haq က မေန႔ ၾကာသပေတးေန႔က ေျပာတာကို ကိုးကားၿပီး ေအပီသတင္းမွာ ေရးပါတယ္။

လတ္တေလာအခ်ိန္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးနဲ႔ ေနမႈထိုင္မႈကိစၥေတြကို ၾကည့္ရႈေစာင့္ၾကပ္သြားမယ္လို႔ စစ္ေကာင္စီဘက္က ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ၾသဂုတ္လ ၁၇ ရက္ကေန ၁၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံကို ၂ ရက္ ၾကာသြားေရာက္ခဲ့ေပမယ့္ အက်ဥ္းက်ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္မရခဲ့သလို စစ္ေကာင္စီ တာဝန္ရွိသူေတြကလြဲလို႔ ျပည္တြင္းမွာရွိတဲ့ ႏိုင္ငံေရးပါတီေတြ အပါအဝင္ တျခား အင္အားစုေတြနဲ႔ ေတြ႔ဆုံခြင့္ မရခဲ့ပါဘူး။

ခရီးစဥ္ ပထမေန႔ျဖစ္တဲ့ ဗုဒၶဟူးေန႔က စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံခဲ့ၿပီး မေန႔က ျမန္မာႏိုင္ငံက ျပန္မထြက္ခြာခင္မွာေတာ့ စစ္ေကာင္ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႔ေခါင္းေဆာင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

အဲဒီ ေတြ႔ဆုံမႈအတြင္း ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာ စာနာမႈဆိုင္ရာ အကူအညီေတြေပးပို႔ေရးနဲ႔ အဲဒီ လုပ္ငန္းစဥ္အတြက္ အထူးကိုယ္စားလွယ္နဲ႔ ႏွစ္ဘက္ အနီးကပ္ ပူးေပါင္း ေဆာင္ရြက္ေရးတို႔အတြက္ ေဆြးေႏြးျဖစ္ခဲ့တယ္လို႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ လက္ေထာက္ ေျပာခြင့္ရ Farhan Haq က ေျပာပါတယ္။

စစ္ေကာင္စီအႀကီးအကဲနဲ႔ ေတြ႔ဆုံခ်ိန္မွာေတာ့ ကုလသမဂၢက ရႈတ္ခ်ခဲ့တဲ့ မၾကာေသးခင္တုန္းက ဒီမိုကေရစီေရး လႈပ္ရွားသူေတြကို ကြပ္မ်က္မႈမ်ိဳး ေနာက္ထပ္မလုပ္ဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးကို စိုးရိမ္တာမို႔ ေတြ႔ဆုံခြင့္ေပးဖို႔၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး Sean Turnell ကို ျပန္လႊတ္ေပးဖို႔ နဲ႔ဖမ္းဆီးထားတဲ့ အ႐ြယ္မေရာက္ေသးသူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ကုလသမဂၢက သတင္းထုတ္ျပန္ခဲ့ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲမွာ အႏိုင္ရတဲ့ NLD ပါတီကို ဒုတိယသက္တမ္း အုပ္ခ်ဳပ္ခြင့္မေပးဘဲ မႏွစ္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံတဝန္း အၾကမ္းဖက္သတ္ျဖတ္မႈေတြ ေန႔စဥ္ဆိုသလို ျဖစ္ေပၚေနခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဒေါ်စုကို ကုလကိုယ်စားလှယ်နဲ့ စစ်ကောင်စီ အနာဂတ်မှာ တွေ့ခွင့်ပေးမလား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို နောက်ပိုင်း သင့်တော် တဲ့အချိန်တခုမှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ကောင်စီအကြီးအကဲက ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောတဲ့အကြောင်း အေပီသတင်းမှာ ရေးပါတယ်။ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာတွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလို ပြောကြားခဲ့တာလို့ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က မနေ့ ကြာသပတေးနေ့က ပြောတာကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။

လတ်တလောအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေမှုထိုင်မှုကိစ္စတွေကို ကြည့်ရှုစောင့်ကြပ်သွားမယ်လို့ စစ်ကောင်စီဘက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ သြဂုတ်လ ၁၇ ရက်ကနေ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံကို ၂ ရက် ကြာသွားရောက်ခဲ့ပေမယ့် အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့သလို စစ်ကောင်စီ တာဝန်ရှိသူတွေကလွဲလို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် တခြား အင်အားစုတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။

ခရီးစဉ် ပထမနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး မနေ့က မြန်မာနိုင်ငံက ပြန်မထွက်ခွာခင်မှာတော့ စစ်ကောင်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမှုအတွင်း ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ စာနာမှုဆိုင်ရာ အကူအညီတွေပေးပို့ရေးနဲ့ အဲဒီ လုပ်ငန်းစဉ်အတွက် အထူးကိုယ်စားလှယ်နဲ့ နှစ်ဘက် အနီးကပ် ပူးပေါင်း ဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq က ပြောပါတယ်။

စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံချိန်မှာတော့ ကုလသမဂ္ဂက ရှုတ်ချခဲ့တဲ့ မကြာသေးခင်တုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်မှုမျိုး နောက်ထပ်မလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တာမို့ တွေ့ဆုံခွင့်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ နဲ့ဖမ်းဆီးထားတဲ့ အရွယ်မရောက်သေးသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီကို ဒုတိယသက်တမ်း အုပ်ချုပ်ခွင့်မပေးဘဲ မနှစ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်း အကြမ်းဖက်သတ်ဖြတ်မှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေခဲ့တာပါ။

XS
SM
MD
LG