သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရး ကုလအထူးကိုယ္စားလွယ္ Noeleen Heyzer အထူးစိုးရိမ္


ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Noeleen Heyzer 

[[Zawgyi/Unicode]]

အထိန္းသိမ္းခံေနရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး အထူးစိုးရိမ္ေၾကာင္းနဲ႔ ေတြ႔ဆုံခြင့္မရဘူးဆိုရင္ ေနာင္တေခါက္ ျမန္မာႏိုင္ငံကိုသြားမွာမဟုတ္တဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ Noeleen Heyzer ေျပာဆိုတာကို Aljazeera သတင္းမွာ ေဖၚျပပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့အမႈေတြထဲက ေရြးေကာက္ပြဲမသမာမႈအတြက္ဆိုၿပီး အလုပ္နဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ ထပ္မံ ပစ္ဒဏ္ ခ်မွတ္ခဲ့တာကို သူ႔အေနနဲ႔ သတိျပဳမိတဲ့အေၾကာင္း စကာၤပူႏိုင္ငံ ISEAS Yusof Ishak Institute မွာ Noeleen Heyzer ေျပာသြားခဲ့တာပါ။

ၾသဂုတ္လ တတိယပတ္အတြင္း Noeleen Heyzer ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ၿပီး စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။ အသက္ ၇၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္အတြင္းကေန ေနအိမ္ကို ျပန္ပို႔ေရးကိစၥနဲ႔ သူနဲ႔ ေတြ႕ဆုံေဆြးေႏြးခြင့္ေပးဖို႔ Noeleen Heyzer က ေတာင္းဆိုခဲ့ၿပီး စစ္ေကာင္စီအႀကီးအကဲဘက္က တရားစီရင္ေရး ကိစၥေတြ ၿပီးဆုံးသြားတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္ဘက္က တုံ႔ျပန္လာတဲ့ အေျခေအနကို မူတည္ၿပီး စဥ္းစားေဆာင္ရြက္သြားမယ္လို႔ တုံျပန္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳး ေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ အမႈအေတာ္မ်ားမ်ားနဲ႔ တရားစြဲဆိုထားၿပီး ေထာင္ဒဏ္ႏွစ္ ၂၀ ျပစ္ဒဏ္ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ကုလအထူးကိုယ်စားလှယ် Noeleen Heyzer အထူးစိုးရိမ်

အထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်းနဲ့ တွေ့ဆုံခွင့်မရဘူးဆိုရင် နောင်တခေါက် မြန်မာနိုင်ငံကိုသွားမှာမဟုတ်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ပြောဆိုတာကို Aljazeera သတင်းမှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက ရွေးကောက်ပွဲမသမာမှုအတွက်ဆိုပြီး အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ထပ်မံ ပစ်ဒဏ် ချမှတ်ခဲ့တာကို သူ့အနေနဲ့ သတိပြုမိတဲ့အကြောင်း စကာၤပူနိုင်ငံ ISEAS Yusof Ishak Institute မှာ Noeleen Heyzer ပြောသွားခဲ့တာပါ။

သြဂုတ်လ တတိယပတ်အတွင်း Noeleen Heyzer မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်အတွင်းကနေ နေအိမ်ကို ပြန်ပို့ရေးကိစ္စနဲ့ သူနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ Noeleen Heyzer က တောင်းဆိုခဲ့ပြီး စစ်ကောင်စီအကြီးအကဲဘက်က တရားစီရင်ရေး ကိစ္စတွေ ပြီးဆုံးသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဘက်က တုံ့ပြန်လာတဲ့ အခြေအေနကို မူတည်ပြီး စဉ်းစားဆောင်ရွက်သွားမယ်လို့ တုံပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုး ဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ တရားစွဲဆိုထားပြီး ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ထားပါတယ်။

XS
SM
MD
LG