သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ စစ္ေကာင္စီအႀကီးအကဲနဲ႔ေတြ႔မည္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer

[[Zawgyi/Unicode]]

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ဒီကေန႔ အဂၤါေန႔ ျမန္မာႏိုင္ငံကို ေရာက္လာပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ရာထူးခန႔္အပ္ခံရၿပီး ၁၀ လနီးပါးအၾကာ ျမန္မာႏိုင္ငံကို လာေရာက္တာျဖစ္ၿပီး မနက္ျဖန္ စစ္ေကာင္စီအႀကီးအကဲနဲ႔ တာဝန္ ရွိသူေတြကို ေတြဆုံမယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက VOA ကို ေျပာပါတယ္။ ဒါေပမယ့္လည္း ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ တရားရင္ဆိုင္ေနရသူေတြနဲ႔ ေတြ႔ဆုံခြင့္ေပးဖို႔ေတာ့ အကန္႔အသတ္ရွိတဲ့အေၾကာင္း စစ္ေကာင္စီ ေျပာပါတယ္။ ဒီသတင္းအျပည့္အစုံကို မဆုမြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာ ျမန္မာႏိုင္ငံရဲ႕ဆိုး႐ြားေနတဲ့အေျခအေနေတြနဲ႔ လတ္တေလာ စိုးရိမ္မႈေတြကို အဓိကထားေဆြးေႏြးသြားမွာျဖစ္တယ္လို႔ Noeleen Heyzer ရဲ႕ ခရီးစဥ္နဲ႔ပတ္သက္လို႔ ကုလသမဂၢရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခရီးစဥ္နဲ႔ ပတ္သက္လို႔ ဗြီအိုေအကို ခုလိုေျပာျပပါတယ္။

“မနက္ျဖန္မွာ က်ေနာ္တို႔ ႏိုင္ငံေတာ္အႀကီးအကဲအပါအဝင္ သက္ဆုိင္ရာ တာဝန္ရွိသူေတြနဲ႔ေတြ႔ပါလိမ့္မယ္။”

ႏိုင္ငံေရးအဝန္းအဝိုင္းကပါဝင္ပတ္သက္သူေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြ၊ ေနာက္ လက္ရွိပဋိပကၡေၾကာင့္ ထိခိုက္ခံစားရတဲ့အသိုက္အဝန္းေတြနဲ႔ေတြ႕ဆုံမယ္လို႔ ကုလသမဂၢဘက္ကေတာ့ သတင္းထုတ္ျပန္ေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ ခရီးစဥ္အေသးစိတ္ကို ေျပာဆိုျခင္းမရွိပါဘူး။ အထိမ္းသိမ္းခံၿပီး တရားရင္ဆိုင္ေနရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ လဘ္စားမႈနဲ႔ ေနာက္ထပ္ ေထာင္ဒဏ္ေတြ ခ်မွတ္ၿပီး ေနာက္တရက္မွာ Noeleen Heyzer ျမန္မာႏိုင္ငံကို ေရာက္လာတာပါ။ ခရီးစဥ္အတြင္းမွာ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ တရားရင္ဆိုင္ေနရသူေတြနဲ႔ ေတြ႕ဆုံခြင္ေပးဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔ဘက္ကေတာ့ ေတြ႔ဆံုသင့္ ေတြ႔ဆံုထုိက္တဲ့သူေတြထဲမွာ တရားဥပေဒအရ ရင္ဆိုင္ေနရတဲ့သူမ်ားနဲ႔ ေတြ႔ဆံုႏိုင္ဖို႔ကေတာ့ အကန္႔အသတ္ရွိတယ္လို႔ ေျပာၿပီးျဖစ္ပါတယ္။ က်န္တဲ့ ေတြ႔ဆံုသင့္ ေတြ႔ဆံုထိုက္တဲ့သူေတြကေတာ့ စီစဥ္ေပးမွာျဖစ္ပါတယ္။ ေတြ႔ဆံုျခင္း မေတြ႔ဆံုျခင္းကေတာ့ သူတို႔ သေဘာပါပဲဗ်။”

ျမန္မာႏိ္ုင္ငံမွာ အၾကမ္းဖက္မႈအားလုံး ခ်က္ခ်င္းရပ္တန္႔ဖို႔နဲ႔ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီေတြေပးႏိုင္ေရး ကုလသမဂၢဘက္က ေတာင္းဆိုထားပါတယ္။ အထူးကိုယ္စားလွယ္ရဲ႕ခရီးစဥ္မွာ ျမန္မာျပည္တြင္းက ယိုယြင္းေနတဲ့ အေျခအေန ေျဖရွင္းေရးအျပင္ အျခားအေလးထားစရာကိစၥေတြကိုလည္း သူ႔ကို ေပးအပ္ထားတဲ့ လုပ္ပိုင္ခြင့္ေဘာင္အတြင္းကေန အဓိကထားလုပ္ေဆာင္ဖို႔ ရွိတယ္လို႔ ကုလသမဂၢဘက္က ေျပာဆိုပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ အခ်ဳပ္အျခာ အာဏာနဲ႔ အမ်ဳိးသားအက်ဳိးစီးပြားကို မထိခိုက္ ေစတဲ့ ေရွ႕ေဆာင္ရြက္ရမယ့္ လုပ္ငန္းစဥ္ေတြကို လုပ္ကိုင္သြားမယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ရဲ႕ရပ္တည္ခ်က္သည္ ႏုိင္ငံတကာ.....ျဖစ္ျဖစ္၊ ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ပဲျဖစ္ျဖစ္ အၿမဲတမ္းမိတ္ေဆြျဖစ္ေအာင္ ရည္မွန္းခ်က္ထားၿပီး ေဆာင္ရြက္ေနတာရွိတယ္။ တဘက္ႏုိင္ငံေတြပဲျဖစ္ျဖစ္၊ တဘက္အဖြဲ႔အစည္းေတြရဲ႕သေဘာထားကေတာ့ သူတို႔သေဘာထားအတုိင္းပဲျဖစ္လိမ့္မယ္။ က်ေနာ္တို႔ အေနနဲ႔ကေတာ့ လာတဲ့လူတုိင္း၊ လာတဲ့ကိုယ္စားလွယ္တုိင္းကို က်ေနာ္တို႔ျမန္မာႏုိင္ငံရဲ႕အျဖစ္မွန္ေတြ ရွင္းျပတယ္။ ေျပာျပတယ္။ လက္ခံျခင္း၊ မခံျခင္းကေတာ့ သူတို႔အပိုင္းေပါ့။ က်ေနာ္တို႔အေနနဲ႔ကေတာ့ ယခင္ရပ္တည္ခ်က္ေတြအတုိင္း ရပ္တည္သြားမယ္။ က်ေနာ္တို႔ျမန္မာႏုိင္ငံရဲ႕ လက္ရွိအေျခအေနေတြ၊ က်ေနာ္တုိ႔ျမန္မာႏုိင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာနဲ႔ အမ်ဳိးသားအက်ဳိးစီးပြါးကိုမထိခုိက္ေစေရး ဆက္လက္ေဆာင္ရြက္ရမယ့္လုပ္ငန္းေတြကို က်ေနာ္တို႔ လုပ္ငန္းစဥ္ငါးရပ္အတုိင္းပဲ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။”

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က သူတာဝန္ယူၿပီး လပိုင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံအတြင္း ပဋိပကၡအေျခအေန ပိုၿပီး ဆိုးဝါးလာသလို ဘက္ေပါင္းစုံ အၾကပ္အတည္းေတြ ေနရာအႏွံ႔ ႀကီးမားလာတဲအ့ေၾကာင္း ကုလသမဂၢ အေထြေထြညီလာခံကို ဇြန္လအတြင္း အလြတ္ သေဘာ တင္ျပခဲ့ပါတယ္။ ျမန္မာစစ္တပ္ဟာ အင္အား အလြန္အကြ်ံ ဆက္လက္ အသံုးျပဳေနဆဲ ျဖစ္ၿပီး အရပ္သားေတြအေပၚမွာ အျပင္းအထန္တိုက္ခိုက္ေနသလို တိုင္းရင္းသားလူမ်ဳိးစုေဒသေတြအတြင္း ေလေၾကာင္းက ဗံုးက်ဲတိုက္ခိုက္တာေတြအပါအဝင္ ထိုးစစ္ဆင္တိုက္ခိုက္ေနတဲ့အေၾကာင္းေတြကို တင္ျပေျပာဆိုထားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီခရီးစဥ္ကေန ျမန္မာႏိ္ုင္ငံရဲ႕လူ႔အခြင့္အေရးအေျခအေန တိုးတက္လာေအာင္နဲ႔ စစ္ေကာင္စီရဲ႕ ရပ္တည္ခ်က္ကို ေျပာင္းလဲေအာင္ သိမ္းသြင္းႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္မ်ဳိးေတာ့ အကဲခတ္ေတြၾကားမွာ ေမွ်ာ္လင့္ထားတာမ်ဳိး မေတြ႕ရပါဘူး။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် စစ်ကောင်စီအကြီးအကဲနဲ့တွေ့မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဒီကနေ့ အင်္ဂါနေ့ မြန်မာနိုင်ငံကို ရောက်လာပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရာထူးခန့်အပ်ခံရပြီး ၁၀ လနီးပါးအကြာ မြန်မာနိုင်ငံကို လာရောက်တာဖြစ်ပြီး မနက်ဖြန် စစ်ကောင်စီအကြီးအကဲနဲ့ တာဝန် ရှိသူတွေကို တွေဆုံမယ်လို့ စစ်ကောင်စီပြောခွင့်ရက VOA ကို ပြောပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့တော့ အကန့်အသတ်ရှိတဲ့အကြောင်း စစ်ကောင်စီ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ဆိုးရွားနေတဲ့အခြေအနေတွေနဲ့ လတ်တလော စိုးရိမ်မှုတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်တယ်လို့ Noeleen Heyzer ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခရီးစဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“မနက်ဖြန်မှာ ကျနော်တို့ နိုင်ငံတော်အကြီးအကဲအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့တွေ့ပါလိမ့်မယ်။”

နိုင်ငံရေးအဝန်းအဝိုင်းကပါဝင်ပတ်သက်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နောက် လက်ရှိပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့အသိုက်အဝန်းတွေနဲ့တွေ့ဆုံမယ်လို့ ကုလသမဂ္ဂဘက်ကတော့ သတင်းထုတ်ပြန်ပေမယ့် စစ်ကောင်စီဘက်ကတော့ ခရီးစဉ်အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။ အထိမ်းသိမ်းခံပြီး တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် လဘ်စားမှုနဲ့ နောက်ထပ် ထောင်ဒဏ်တွေ ချမှတ်ပြီး နောက်တရက်မှာ Noeleen Heyzer မြန်မာနိုင်ငံကို ရောက်လာတာပါ။ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဆုံခွင်ပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ တွေ့ဆုံသင့် တွေ့ဆုံထိုက်တဲ့သူတွေထဲမှာ တရားဥပဒေအရ ရင်ဆိုင်နေရတဲ့သူများနဲ့ တွေ့ဆုံနိုင်ဖို့ကတော့ အကန့်အသတ်ရှိတယ်လို့ ပြောပြီးဖြစ်ပါတယ်။ ကျန်တဲ့ တွေ့ဆုံသင့် တွေ့ဆုံထိုက်တဲ့သူတွေကတော့ စီစဉ်ပေးမှာဖြစ်ပါတယ်။ တွေ့ဆုံခြင်း မတွေ့ဆုံခြင်းကတော့ သူတို့ သဘောပါပဲဗျ။”

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေပေးနိုင်ရေး ကုလသမဂ္ဂဘက်က တောင်းဆိုထားပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်မှာ မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့ အခြေအနေ ဖြေရှင်းရေးအပြင် အခြားအလေးထားစရာကိစ္စတွေကိုလည်း သူ့ကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေ အဓိကထားလုပ်ဆောင်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂဘက်က ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ အချုပ်အခြာ အာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို မထိခိုက် စေတဲ့ ရှေ့ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ရပ်တည်ချက်သည် နိုင်ငံတကာ.....ဖြစ်ဖြစ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ် အမြဲတမ်းမိတ်ဆွေဖြစ်အောင် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာရှိတယ်။ တဘက်နိုင်ငံတွေပဲဖြစ်ဖြစ်၊ တဘက်အဖွဲ့အစည်းတွေရဲ့သဘောထားကတော့ သူတို့သဘောထားအတိုင်းပဲဖြစ်လိမ့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ လာတဲ့လူတိုင်း၊ လာတဲ့ကိုယ်စားလှယ်တိုင်းကို ကျနော်တို့မြန်မာနိုင်ငံရဲ့အဖြစ်မှန်တွေ ရှင်းပြတယ်။ ပြောပြတယ်။ လက်ခံခြင်း၊ မခံခြင်းကတော့ သူတို့အပိုင်းပေါ့။ ကျနော်တို့အနေနဲ့ကတော့ ယခင်ရပ်တည်ချက်တွေအတိုင်း ရပ်တည်သွားမယ်။ ကျနော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေ၊ ကျနော်တို့မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသားအကျိုးစီးပွါးကိုမထိခိုက်စေရေး ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ကျနော်တို့ လုပ်ငန်းစဉ်ငါးရပ်အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က သူတာဝန်ယူပြီး လပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ပဋိပက္ခအခြေအနေ ပိုပြီး ဆိုးဝါးလာသလို ဘက်ပေါင်းစုံ အကြပ်အတည်းတွေ နေရာအနှံ့ ကြီးမားလာတဲအ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံကို ဇွန်လအတွင်း အလွတ် သဘော တင်ပြခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပြီး အရပ်သားတွေအပေါ်မှာ အပြင်းအထန်တိုက်ခိုက်နေသလို တိုင်းရင်းသားလူမျိုးစုဒေသတွေအတွင်း လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာတွေအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အကြောင်းတွေကို တင်ပြပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ တိုးတက်လာအောင်နဲ့ စစ်ကောင်စီရဲ့ ရပ်တည်ချက်ကို ပြောင်းလဲအောင် သိမ်းသွင်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ အကဲခတ်တွေကြားမှာ မျှော်လင့်ထားတာမျိုး မတွေ့ရပါဘူး။

XS
SM
MD
LG