ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်းကို ဦးထင်ကျော်နဲ့ အမျိုးသားလွှတ်တော်အစု အဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် ချင်းတိုင်းရင်းသားတဦးဖြစ်သူ ဦး ဟင်နရီ ဗန်ထီးယူကိုတော့ NLD ကတင်သွင်းပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်ကလည်း ပြည်သူ့လွှတ်တော်ဘက်မှာ လက်ရှိဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့၊ အမျိုးသားလွှတ်တော်ဘက်ကနေ အရင် အမျိုးသားလွှတ်တော်ဥက္ကဌဟောင်းနဲ့ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့်ကို ဒုသမ္မတလောင်းတွေအဖြစ် အမည်စာရင်းတင်သွင်းထားပါတယ်။