သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးစမ်းသပ်မှုကြောင့် လေကြောင်းပျံသန်းမှုအန္တရာယ်ကြုံ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အစိုးရရဲ့ အဆင်ခြင်မဲ့တဲ့ လုပ်ရပ်တွေကြောင့် အရပ်ဘက်လေကြောင်းလိုင်းက လေယာဉ်တွေ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကနေဒါနိုင်ငံ Vancouver မြို့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးပွဲမှာ မနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးလို့ဆိုတဲ့ မစ်ဇိုင်းဒုံးတစင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ရာမှာ San Francisco ကနေ Hong Kong ကိုသွားတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေ မြင်ခဲ့ကြတဲ့အထိပါ။ မစ်ဇိုင်းဒုံးဟာ လေယာဉ်နဲ့ ရေမိုင် ၂၈၀ လောက် အကွာကို ရောက်ရှိခဲ့ကြောင်းလည်း အမေရိကန် လေကြောင်းထိန်းချုပ်ရေး FAA ကပြောပါတယ်။

မစ်ဇိုင်းဒုံးပစ်လွှတ်ချိန် အနီးအနား ကောင်းကင်မှာ တခြားလေယာဉ် ၉ စင်းလည်း ရှိနေခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ မစ်ဇိုင်းဒုံးပစ်လွှတ်ခဲ့တဲ့နေရာမှာ အဲဒီနေ့က ခန့်မှန်းချေ လေယာဉ် ၇၁၆ စင်း ပျံသန်းခဲ့ကြောင်းနဲ့ FAA ရဲ့ မှတ်တမ်းတွေအရ လေယာဉ်တွေမှာ လိုက်ပါလာတဲ့ ခရီးသည်အရေအတွက် ၁၅၂,၁၁၀ ရှိခဲ့ပြီး၊ နိုင်ငံပေါင်းစုံက လူအများအပြားအတွက် အန္တရာယ်ဖြစ်စေလောက်အောင် မြောက်ကိုရီးယားက မဆင်မခြင်လုပ်ခဲ့တဲ့ လုပ်ရပ်အဖြစ် ဝန်ကြီး Tillerson က ဥပမာပေး ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးကို တွေ့မြင်ခဲ့ရတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ လေယာဉ်ဟာ ဘယ်လေကြောင်းလိုင်းကလည်း ဆိုတာကိုတော့ ဝန်ကြီး Tillerson ကမပြောခဲ့သလို၊ လေယာဉ်ဟာ လမ်းကြောင်းပြောင်း ပျံသန်းခဲ့သလား ဆိုတာကိုလည်း မပြောပါဘူး။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေမှာ မကြာသေးခင်က တိုးတက်မှုတွေ ရှိခဲ့ကြောင်းလည်း နျူကလီးယား ခြိမ်းခြောက်မှု အန္တရာယ်ကို တညီတညွတ်တည်း ရင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး ကိုရီးယား စစ်ပွဲအတွင်း အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ကနေဒါနိုင်ငံက ကမကထလုပ်ပြီး နိုင်ငံပေါင်း ၂၀ က ထိပ်တန်းသံတမန်တွေ တက်ရောက်လာတဲ့ ညီလာခံမှာ ဝန်ကြီး Tillerson ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG