သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးစမ်းသပ်မှု ထပ်မံပြုလုပ်


မြောက်ကိုရီးယားနိုင်ငံဘက်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်လိုက်ပုံရတယ်လို့ တောင်ကိုရီးယားစစ်တပ်ဘက်က ပြောလိုက်ပါတယ်။ အဲဒီ ဒုံးကျည်ကို တောင်ပြုံဂမ်ခရိုင်ကနေ တနင်္ဂနွေနေ့နေ့လည်ပိုင်းက ပစ်လွှတ်လိုက်တာဖြစ်ပြီး၊ ကီလိုမီတာ ၅၀၀ လောက် လေထဲကိုပံျသန်းပြီး ပင်လယ်ထဲကို ကျသွားတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ဦးစီးအဖွဲ့က ပြောလိုက်ပါတယ်။

တောင်ကိုရီးယားစစ်တပ်အနေနဲ့ မြောက်ကိုရီးယားစစ်တပ်ရဲ့ နောက်ထပ်ကျူးကျော်ရန်စတဲ့ လက္ခဏာတွေကို အနီးကပ်စောင့်ကြည့်နေပြီး၊ စစ်ရေးအရလည်း အပြည့်အဝပြင်ဆင်ထားတယ်လို့ စစ်ဦးစီးအဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို သိရှိထားတယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူက ပြောလိုက်ပါတယ်။ အခုပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ၊ မကြာသေးခင်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၃ ခုလောက်တော့ ဝေးဝေးပစ်နိုင်တဲ့ ဒုံးကျည်မဟုတ်ပါဘူး။

အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်အနေနဲ့ ဒါကို ခြေရာခံရှာတွေ့ခဲ့ပြီး၊ သုံးသပ်ချက်အရတော့ ဒါက မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဖြစ်ပြီး၊ ဂျပန်ပင်လယ်ထဲကို ကျသွားတယ်လို့ အမေရိကန်စစ်တပ်ရဲ့ ပစိဖိတ်စစ်ဌာနချုပ်က ပြောခွင့်ရ David Benham က ပြောပါတယ်။ အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်အနေနဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေကို အနီးကပ်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ကျနော်တို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတွေရဲ့ လုံခြုံရေးအတွက် ကျနော်တို့အနေနဲ့ အပြည့်အဝရပ်တည်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီဒုံးကျည်ပစ်လွှတ်မှုကိုဆွေးနွေးဖို့အတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ သူ့ရဲ့ သမ္မတအိမ်တော်မှာ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး ထိုင်ခဲ့တယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG