သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ရေနံတင်ပို့မှု တရုတ်ငြင်းဆန်


ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူထားတာကို ချိုးဖောက်ပြီး မြောက်ကိုရီးယားကို သင်္ဘောနဲ့ ရေနံတင်ပို့ဖို့ တရုတ်က ကြားကနေလုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံက ငြင်းလိုက်ပါတယ်။ သမ္မတ Donald Trump က စွပ်စွဲပြောဆိုအပြီး နောက်တရက်မှာ တရုတ်ဘက်က အဲဒီလို ငြင်းလိုက်တာပါ။

လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို တရုတ်က အပြည့်အဝနဲ့ အတိအကျ လိုက်နာ ဆောင်ရွက်နေပြီး မိမိတို့ရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ပြည့်မီအောင် လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်မျိုးတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ လုပ်ငန်းတွေ ပါဝင်ပတ်သက်တာကို တရုတ်နိုင်ငံအနေနဲ့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့လဲ ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာရေပိုင်နက်ထဲမှာ မြောက်ကိုရီးယား သင်္ဘောတစင်းပေါ်ကို ဟောင်ကောင်အလံတင် သင်္ဘော တစင်းကနေ ရေနံတွေ ပြောင်းတင်နေတာကို ဖမ်းမိလိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဌာနက သောကြာနေ့အစောပိုင်း မှာ ပြောပါတယ်။

Lighthouse Winmore သင်္ဘောဟာ မြောက်ကိုရီးယားသင်္ဘောတစင်းပေါ်ကို သန့်စင်ထားတဲ့လောင်စာဆီ တန်ချိန် ၆၀၀ အောက်တိုဘာလ ၁၉ ရက်နေ့က လွှဲတင်ပေးခဲ့ပြီး တောင်ကိုရီးယား Yeosu ဆိပ်ကမ်းကို နိုဝင်ဘာလ ၂၄ ရက်နေ့က ရောက်လာ ချိန်မှာ အဲဒီသင်္ဘောကို ဖမ်းလိုက်တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် Yonhap သတင်းဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG