သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပြိုကျ လူသေဆုံးမှု မြောက်ကိုရီးယားအစိုးရ တောင်းပန်


မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဆောက်လက်စတိုက်ခန်းတွေ ပြိုကျပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်များ။ (မေ ၁၈၊ ၂၀၁၄)
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဆောက်လက်စတိုက်ခန်းတွေ ပြိုကျပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်များ။ (မေ ၁၈၊ ၂၀၁၄)
မြောက်ကိုးရီးယားနိုင်ငံ Pyongyan မြို့တော်မှာ ဆောက်လက်စတိုက်တစ်လုံး ပြိုကျပျက်စီးခဲ့တဲ့အတွက် အာဏာပိုင်တွေက မလုပ်စဖူး လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

အဲဒီ တိုက်ပြိုကျမှုမှာ လူတွေ ရာနဲ့ချီသေဆုံးနိုင်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက မှတ်ချက်ပေးထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံသမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲ သတင်းမီဒီယာကနေ ဆောက်လက်စတိုက် ပြိုကျတဲ့သတင်းတပုဒ်ကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ပြုံယမ်းမြိုကက မိသားစု ၁၀၀ နီးပါး နေထိုင်တဲ့ ၂၃ ထပ်အမြင့် ဆောက်လက်စတိုက် တစ်လုံးပြိုကျတဲ့ သတင်းကို မြောက်ကိုရီးယားက KCNA သတင်းဌာနက တနင်္ဂနွေနေ့က ဖော်ပြခဲ့ပေမယ့် လူ ဘယ်နှစ်ယောက် သေတယ်ဆိုတဲ့အချက်ကို တိတိကျကျ သတင်းမထုတ်ပြန်ခဲ့ပါဘူး။

ဆောက်လုပ်ရေးလုပ်သူတွေက သေသေချာချာ တာဝန်မယူခဲ့တဲ့အတွက် အခုလို တာဝန်မဲ့လုပ်ရပ်ကို တာဝန်ရှိသူတွေက ကြည့်ကြပ်ကွပ်ကဲမယ်လို့ပဲ သတင်းက ဖော်ပြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း မပြီးပြတ်သေးခင် တိုက်ခန်းထဲဝင်ရေက်နေထိုင်တာ မြောက်ကိုရီးယားမှာ ပုံမှန် လုပ်နေကျဖြစ်တယ်လို့ အမည်မဖော်တဲ့ တောင်ကိုရီးယား တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ဆောက်လက်စတိုက်ထဲ ဝင်နေတဲ့ ရာနဲ့ချီတဲ့ မိသားစုဝင်တွေကတော့ အသက်ဆုံးရှုံးဖွယ်ရာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရတာဝန်ရှိသူတစ်ယောက်ကတော့ ဒီဖြစ်ရပ်ဟာ ယုံနိုင်စရာမရှိတဲ့ မတော်တဆမှုဖြစ်တယ်လို့ဆိုပြီး လူသိရှင်ကြား တောင်းပန်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG