သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင်သစ် အာဏာရပါတီ အကြီးအကဲတာဝန်ယူ

A tornado moves past homes in Moore, Oklahoma, May 20, 2013.
A tornado moves past homes in Moore, Oklahoma, May 20, 2013.

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့သူဟာ နောက်ထပ် ထိပ်တန်း ရာထူးတစ်ခုကိုလည်း လက်ခံယူခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရသတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။ နိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုကော်မတီ ခေါင်းဆောင်အဖြစ် ကင်မ်ဂျုံအွန်းကို ခန့်အပ်လိုက်ကြောင်းကို ကွန်မြူနစ်ပါတီရဲ့ Rodong Sinmun သတင်းစာက ရည်ညွှန်းရေးသားတာ ဖြစ်ပါတယ်။

စနေနေ့နှောင်းပိုင်းက သတင်းတွေမှာ မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းဌာနက ဗိုလ်ချုပ်ကြီး ကင်မ်ကို တော်လှန်ရေးတပ်ဖွဲ့များရဲ့ ခေါင်းဆောင် အကြီးအကဲအဖြစ် ဖော်ပြခဲ့သလို စနေနေ့ အစောပိုင်းကလည်း မစ္စတာ ကင်မ်ကို သူ့ဖခင် ကင်မ်ဂျုံအီလ်တုန်းက သုံးခဲ့တဲ့ အသုံးအနှုန်းအတိုင်း စစ်ဦးစီးချုပ်အဖြစ် ပထမဆုံးအကြိမ် ဂုဏ်ပြုဖော်ပြခဲ့တာပါ။

အသက် ၃၀ နီးပါးရှိပြီဖြစ်တဲ့ ကင်မ်ဂျုံအွန်းဟာ စစ်ရေး အတွေ့အကြုံ နုနယ်သေးပေမဲ့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးရာထူးကို ရထားသူဖြစ်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေရဲ့ ခေါင်းဆောင်၊ တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်မ်ဂျုံအီလ်ရဲ့ အရိုက်အရာကို ဆက်ခံသူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ခေတ် စတင်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ မြောက်ကိုရီးယားက ကြေညာခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် အပြောင်းအလဲကနေ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး ပျော့ပြောင်းမှု တိုးလာနိုင်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် က နိုင်ငံရေးခေါင်းဆောင်တွေကို ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG