သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအကျဉ်းထောင် လူ့အခွင့်အရေးချိုးဖေါက်မှု


မြောက်ကိုရီးယား နိုင်ငံရေးအကျဉ်းစခန်းတွင် လုံခြုံရေးကင်းလှည့်စဉ်
မြောက်ကိုရီးယား နိုင်ငံရေးအကျဉ်းစခန်းတွင် လုံခြုံရေးကင်းလှည့်စဉ်

မြောက်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးအကျဉ်းစခန်းတွေကို ပို့ဆောင်ခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ လူတွေအကြောင်း အသေးစိတ် အချက်အလက်တွေ စုဆောင်းပြီး၊ Kim Jong Un အပါအဝင် မြောက်ကိုရီးယား ခေါင်းဆောင်တွေကို၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရေးယူနိုင်ဖို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုက ကြိုးပမ်းနေပါတယ်။

နိုင်ငံရေးမှုတွေနဲ့ ထိန်းသိမ်းခံရသူတွေ၊ ဝန်ထမ်းတွေ၊ လက်စဖျောက် ခံရသူတွေရဲ့ အမည်တွေ၊ ဖမ်းဆီးခံရတဲ့ အချိန်ကာလ၊ စွဲချက်တင်ခံရတဲ့ အမှုတွေနဲ့အတူ အခုအထိ ဆက်လက် ဖွင့်လှစ်ထားဆဲ အကျဉ်းစခန်းတွေရှိရာ နေရာတွေ ပါဝင်တဲ့ အစီရင်ခံစာတစောင်ကို မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ဌာန (NKDB) က ထုတ်ပြန်လိုက်တာပါ။

အစီရင်ခံစာကိုတော့ မြောက်ကိုရီးယားက ဘက်ပြောင်းခိုလှုံလာသူ တထောင်ကျော်ကို မေးမြန်းပြုစုထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလက နာဇီတွေ ကျုးလွန်ခဲ့သလိုမျိုး၊ မြောက်ကိုရီးယားက နိုင်ငံရေး အကျဉ်းစခန်းတွေ၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အထောက်အကူပေးဖို့ ရည်ရွယ်ပြီး အစီရင်ခံစာကို ပြုစုခဲ့တာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက် ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက ကိုင်တွယ်အရေးယူဖို့လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံက တခဲနက်မဲခွဲ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့ မဟာမိတ်တွေ ဖြစ်ကြတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချခဲ့တဲ့အတွက် အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG