သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်း အမေရိကန်နှစ်ဦး မြောက်ကိုရီးယား ပြန်လွှတ်


This combination photo of undated file images shows US citizens Kenneth Bae(R) and Matthew Todd Miller.
This combination photo of undated file images shows US citizens Kenneth Bae(R) and Matthew Todd Miller.

မြောက်ကိုရီးယားက ဖမ်းဆီးအကျဉ်းချထားတဲ့ အမေရိကန်နိုင်ငံသား ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပါပြီ။ Kenneth Bae နဲ့ Matthew Todd Miller တို့ဟာ သူတို့ကို လွတ်မြောက်အောင် ကြိုးပမ်းပေးတဲ့ အမေရိကန်အမျိုးသား ထောက်လှမ်းရေးအကြီးအကဲ James Clapper နဲ့အတူ အခု အမေရိကန် ပြည်ထောင်စုကို ပြန်လာနေပြီဖြစ်ပါတယ်။

သူတို့ကို ဘာ့ကြောင့် လွှတ်ပေးလိုက်တယ်၊ သူတို့လွတ်မြောက်အောင် မစ္စတာ Clapper ဘယ်သူတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရတယ်ဆိုတာကိုတော့ ခုထိ မသိရသေးပါဘူး။

အမေရိကန်ပြည်ထောင်စုက သူတို့အန္တရာယ်မရှိဘဲ အိမ်ပြန်လာနိုင်တဲ့အတွက် သိပ်ကို ဝမ်းမြောက်ကြောင်း စနေနေ့မှာ အမေရိကန်သမ္မတ Barack Obama က သတင်းထောက်တွေကို ပြောပါတယ်။ အခုလို တကယ့်စိန်ခေါ်တဲ့လုပ်ရပ်တခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တဲ့ မစ္စတာ Clapper ရဲ့ လုပ်ရပ်ကို ချီးကျူးကြောင်းလည်း ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း အခုလို လွှတ်ပေးလိုက်တာဟာ လူသားချင်းစာနာမှုကိုပြတဲ့လုပ်ရပ်လို့ခေါ်တွင်လိုက်ပြီး မစ္စတာ Bae နဲ့ Miller တို့ကို အိမ်ပြန်ရောက်အောင် အမေရိကန်အစိုးရအရာရှိတွေ ထောင့်စုံကနေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

မြောက်ကိုရီးယားမှာရှိတဲ့ အမေရိကန်အကျိုးစီးပွားတွေအတွက် ကိုယ်စားပြုဆောင်ရွက်ပေးတဲ့ Sweden နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပြီး အမေရိကန်နိုင်ငံသားတွေ မြောက်ကိုရီးယားကို ခရီးမသွားဖို့ ထပ်မံ သတိပေးလိုက်ပါတယ်။

XS
SM
MD
LG