သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ်ပေါ် B-1B ကန် ဗုံးကြဲလေယာဉ် ပျံသန်း


အမေရိကန် လေတပ်ရဲ့ B-1B ဗုံးကြဲလေယာဉ် ၂ စင်း ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ မနေ့ စနေနေ့က ပျံသန်းခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန် တိုက်လေယာဉ်တွေ ခြံရံ ပျံသန်းခဲ့တဲ့ ဒီလုပ်ငန်းစဉ်က မြောက်ကိုရီးယားရဲ့ ဇူလိုင်လ ၃ ရက်နေ့နဲ့ ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ချင်းပစ် ဒုံးကျည်တွေ စမ်းသပ်ခဲ့မှုကို တိုက်ရိုက် တုံ့ပြန်တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ် ပစိဖိတ် ဒေသ ကွပ်ကဲရေးဌာနက ပြောပါတယ်။

တပ်ဖွဲ့တွေရဲ့ ၁၀ နာရီကြာ ပူးတွဲ ပျံသန်းမှု မစ်ရှင်ကိုတော့ အမေရိကန် ပြည်ထောင်စု Guam က Andersen လေတပ် အခြေစိုက် စခန်းကနေ စတင်ခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်ထဲ အရောက်မှာတော့ အမေရိကန် လေတပ် ဗုံးကြဲလေယာဉ်တွေကို ဂျပန် F-2 တိုက်လေယာဉ်နှစ်စင်းကပူးပေါင်းခဲ့ပါတယ်။

အဲဒီနောက် အမေရိကန် ဗုံးကြဲလေယာဉ်တွေ ကိုရီးယားကျွန်းဆွယ်ပေါ်ကို ပျံသန်းခဲ့ပြီး တောင်ကိုရီးယား တိုက်လေယာဉ် ၄ စင်း ထပ်ပြီး ပူးပေါင်းပျံသန်းခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အိုဆန် လေတပ် အခြေစိုက် စခန်းပေါ်ကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ခပ်နိမ့်နိမ့် ဖြတ်ပျံသန်းခဲ့ပြီးနောက်မှာတော့ အမေရိကန် ပြည်ထောင်စု Guam ကို ပြန်လည်ဆိုက်ရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေနဲ့ နျူးကလီးယား လက်နက်အစီအစဉ်တွေကို ရပ်သွားအောင် တရုတ်ဘက်က မလုပ်ဘူးဆိုပြီးလည်း အမေရိကန် သမ္မတ Doanld Trump က မနေ့ စနေနေ့မှာ ဝေဖန်ပါတယ်။ ဂျပန်နိုင်ငံ အနောက်ပိုင်းကို ကျရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ သောကြာနေ့က မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်မှုနောက် မနေ့ စနေနေ့ ညနေခင်းမှာ အမေရိကန် သမ္မတက တရုတ်ကို ပစ်တင် ပြောဆိုတာ ဖြစ်ပါတယ်။ တရုတ်ဟာ ဒီပြသနာကို လွယ်လွယ်လေး ဖြေရှင်းနိုင်တယ်လို့ သမ္မတTrump က ပြောတာပါ။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ခဲ့မှု အပေါ် တရုတ်ဘက်ကလည်း ပြစ်တင်ရှုတ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG