သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ်ပွဲမှာ မြောက်ကိုရီးယား သံစုံတီးဝိုင်းအဖွဲ့ ဖျော်ဖြေမည်


ဆောင်းရာသီ အိုလံပစ်ပွဲ
ဆောင်းရာသီ အိုလံပစ်ပွဲ

တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဖျော်ဖြေဖို့အတွက် မြောက်ကိုရီးယားက လူ ၁၄၀ ပါဝင်တဲ့ သံစုံတီးဝိုင်းအဖွဲ့ကို စေလွတ်မှာ ဖြစ်ပါတယ်။ လပေါင်းများစွာ နျူကလီးယား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားဘက်က အခုလို စေလွတ်တာဟာ ပြေငြိမ်းကိုပြသတဲ့ လုပ်ဆောင်မှုအဖြစ် တောင်ကိုရီးယား အစိုးရဘက်က ရှုမြင်ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယား ပါဝင်ရေးအတွက် ရည်ရွယ်ပြီး နယ်စပ်ဒေသက Panmunjom ရွာမှာ သီတင်းတပတ် အတွင်း တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ဒုတိယအကြိမ်မြောက် တနင်္လာနေ့က တွေ့ဆုံမှုအတွင်း သံစုံတီးဝိုင်း စေလွတ်ရေးအတွက် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

အဲဒီ သံစုံတီးဝိုင်းအဖွဲ့ဟာ ဆိုးလ်မြို့တော်နဲ့ အိုလံပစ်ကျင်းပရာ Pyeonchang မြို့အနီးက Gangneung တို့မှာ ဖျော်ဖြေဖို့ နှစ်ဘက် သဘောတူညီမှု ရရှိထားကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား သံစုံတီးဝိုင်းအဖွဲ့ဟာ ရိုးရာ ကျေးလက်ဂီတ၊ ဂန္တဝင်ဂီတတွေနဲ့ ဖျော်ဖြေမှာ ဖြစ်တဲ့အပြင် နှစ်နိုင်ငံစလုံးက သံစုံတီးဝိုင်းတွေဟာလည်း ပူးတွဲ ဖျော်ဖြေ တင်ဆက်သွားကြမယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

သံစုံတီးဝိုင်းအဖွဲ့ အခုလို လာရောက် ဖျော်ဖြေဖို့ ဆုံးဖြတ်ချက် ချလိုက်နိုင်တာကို ကြည့်ခြင်းအားဖြင့် လူမျိုးတမျိုးထဲကနေ နှစ်နိုင်ငံကွဲနေတဲ့ ကိုရီးယားလူမျိုးတွေအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာကို ပြသခြင်းဖြစ်တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG