သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အဆင့်မြင့်သံ တောင်ပိုင်းမှာ ခိုလှုံခွင့်တောင်း


လန်ဒန်က မြောက်ကိုရီးယား သံရုံး
လန်ဒန်က မြောက်ကိုရီးယား သံရုံး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြောက်ကိုရီးယား သံရုံး ဒုတိယအကြီးအကဲ Thae Yong Ho ဟာ တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေး ခိုလှုံလာတယ်လို့ တောင်ကိုရီးယားက ကိုရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

သူဟာ သူ့မိသားစုနဲ့အတူ တောင်ကိုရီးယား မြို့တော် ဆိုးလ်ကို ရောက်လာတာ ဖြစ် ပြီး အခုလောလောဆယ်မှာ သူ့ကို တောင်ကိုရီးယား အစိုးရက အကာကွယ်ပေး ထား တယ်လို့ ကိုရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဌာန ပြောခွင့်ရ Jeong Joon-hee က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သူဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အစိုးရအပေါ် စိတ်ပျက်လာ သလို ဒီမိုကရေစီရှိတဲ့ တောင်ကိုရီးယားကို အားကျတဲ့အပြင် သူ့ကလေးတွေရဲ့ အနာဂါတ်အတွက်ပါ စိုးရိမ်တာကြောင့် မြောက်ကိုရီးယားကနေ ထွက်ပြေးလာ တာလို့ Thae က တောင်ကိုရီးယား အရာရှိတွေကို ပြောခဲ့ကြောင်း Jeong က ပြော ပါတယ်။

လန်ဒန်က သံရုံးမှာ ဆယ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Thae ဟာ သူ့နိုင်ငံရဲ့ နျူ ကလီယား လက်နက်စီမံကိန်းနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု မှတ်တမ်းတွေ ရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေအတွက် တာဝန်ယူ စီမံ နေရတယ်လို့ ယုံကြည်ရသူ တဦးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ တောင်ကိုရီး ယားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ သံံအရာရှိတွေထဲမှာ ရာထူးအကြီးဆုံး တယောက် ဖြစ်မယ်လို့လည်း ယုံကြည်ရပါတယ်။

အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာနကတော့ သူ့အမှုနဲ့ ပါတ်သက်ပြီး မှတ်ချက် တစုံတရာ ပေးဖို့ ငြင်းဆိုပေမယ့် မြောက်ကိုရီးယားက ဒုက္ခသည်တွေနဲ့ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူတွေကို အကာကွယ်ပေးဖို့တော့ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ခိုလှုံထွက်ပြေးလာသူတွေထဲက ရာထူး အကြီးဆုံး တယောက်ကတော့ ၁၉၉၇ ခုနှစ်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံလာတဲ့ လက်ရှိ အလုပ်သမားပါတီက ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ Hwang Jang-yop ဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG