သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရဲ့ နှစ်သစ် စစ်ရေးရည်မှန်းချက်


In this photo provided by the North Korean government, North Korean leader Kim Jong Un delivers a speech during a year-end plenary meeting of the ruling Workers’ Party, which was held between Dec. 26, and Dec. 30, 2023, in Pyongyang, North Korea.
In this photo provided by the North Korean government, North Korean leader Kim Jong Un delivers a speech during a year-end plenary meeting of the ruling Workers’ Party, which was held between Dec. 26, and Dec. 30, 2023, in Pyongyang, North Korea.

မြောက်ကိုရီးယားအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ထောက်လှမ်းရေး ဂြိုလ်တု ၃ စင်း ထပ်မံလွှတ်တင်မှာ ဖြစ်သလို၊ စစ်ဖက်သုံး ဒရုန်းယာဉ်တွေနဲ့ နျူကလီးယားလက်နက် ပိုပြီးပိုင်ဆိုင်လာအောင် လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ပြောပါတယ်။

အမေရိကန်ရဲ့ မူဝါဒတွေကြောင့် မလွှဲမရှောင်သာ အခုလို ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း Kim Jong Un ပြောဆိုတာကို နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်သွားပါတယ်။ လာမယ့်နှစ်အတွက် မြောက်ကိုရီးယားရဲ့ စစ်ရေး၊ စီးပွါးရေး၊ နိုင်ငံခြားရေးရာမူဝါဒ ရည်မှန်းချက်တွေနဲ့ ပတ်သတ်ပြီး ကျင်းပတဲ့ ၅ ရက်ကြာ အစည်းအဝေးအတွင်း အမေရိကန်နဲ့ ပတ်သတ်ပြီး ကင်ဂျုံအွန်းက အချိန်အတော်ကြာကြာ ပြောဆို ပြစ်တင်သွားပါတယ်။

ကျူးကျော်သိမ်းပိုက်လိုတဲ့ ရန်သူရဲ့ မဆင်မချင်လုပ်ရပ်ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ အချိန်မရွေး စစ်ဖြစ်ပွားနိုင်တယ်ဆိုပြီး ကင်ဂျုံအွန်းက ပြောဆိုသွားတာကိုလည်း KCNA သတင်းဌာနက ထုတ်လွှင့်သွားသလို တောင်ကိုရီးယားနိုင်ငံ ကွယ်ပျောက်သွားအောင် ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားဖို့လည်း သူ့ရဲ့ စစ်တပ်ကိုလည်း အမိန့်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ တိုက်ခိုက်ခံရမယ်ဆိုရင် နျူကလီးယားဗုံး အသုံးပြုပြီး တုံ့ပြန်တိုက်ခိုက်ဖို့လည်း သူက ပြောဆိုပါတယ်။

လာမယ့်နှစ်အတွင်း တောင်ကိုရီးယားမှာရော အမေရိကန်ပြည်ထောင်စုမှာပါ သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေချိန်မှာ မဲဆွယ်စည်းရုံးမှုတွေကြား မြောက်ကိုရီးယားအပေါ်မူဝါဒနဲ့ ပတ်သတ်လို့ အပြင်းအထန် အငြင်းပွားစရာဖြစ်အောင်လုပ်ပြီး သူတို့အတွက် ပိုအဆင်ပြေစေမယ့်သူ အာဏာရလာအောင် ဆောင်ရွက်တာမျိုးဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြပါတယ်။ မြောက်ကိုရီယားအနေနဲ့ နျူကလီးယားလက်နက် အသုံးပြုလာမယ်ဆိုရင် ကင်ဂျုံအွန်းအနေနဲ့ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတိပေးပြောဆိုပါတယ်။

XS
SM
MD
LG