သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဂျုံအွန်း ဦးလေး ရာထူးက ဖယ်ရှားခံရ


မြောက်ကိုရီးယားခေါင်းဆောင်ဦးလေးဖြစ်သူကို ခမ်းမဆောင်ထဲက ဆွဲထုတ်နေစဉ်။
မြောက်ကိုရီးယားခေါင်းဆောင်ဦးလေးဖြစ်သူကို ခမ်းမဆောင်ထဲက ဆွဲထုတ်နေစဉ်။
မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအွန်း (Kim Jong Un) ရဲ့ ဦးလေးဖြစ်သူ မြောက်ကိုရီးယား အစိုးရပိုင်းမှာ ဒုတိယသြဇာအကြီးဆုံးဖြစ်တဲ့ ဂျန်ဆောင်သိုက် (Jang Song Thaik) ကို ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း မြောက်ကိုရီးယား အစိုးရက အတည်ပြုလိုက်ပါတယ်။
ဂျန်ဟာ အဂတိလိုက်စားသလို မိန်းမပွေပြီး မူးယစ်ဆေးဝါးသုံးစွဲမှုတွေ အပါအဝင် ရာဇဝတ်ပြစ်မှုတွေ တသီကြီးကျူးလွန်ခဲ့သူလို့ မြောက်ကိုရီးယား အစိုးရရဲ့ KCNA ဗဟိုသတင်းစဉ်က တနင်္လာနေ့မှာ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂နှစ် ဖခင်ဖြစ်သူ Kim Jong Il ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ရာထူးဆက်ခံခဲ့တဲ့ အသက်ငယ်ရွယ်သူ ကင်ဂျုံအွန်းဟာ သူ့ကိုအနီးကပ် စောင့်ရှောက် သွန်သင်သူလို့ အများက သတ်မှတ်ထားတဲ့ သူ့ဦးလေးမပါဘဲ မြောက်ကိုရီးယားကို အခု သူ့သဘောနဲ့သူ
အုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။

ဂျန်ဟာ ကင်ဂျုံအွန်းရဲ့ အဒေါ်ဖြစ်သူ Kim Jong Il ရဲ့ညီမ အငယ်ဆုံးနဲ့ လက်ထပ်ထားသူဖြစ်ပါတယ်။ မြောက်ကိုရီးယား အစိုးရက တနင်္ဂနွေနေ့မှာ ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရို အစည်းအဝေးကို ကျင်းပခဲ့ပြီး ဂျန်တာဝန်ယူနေရတဲ့ ရာထူးတွေအားလုံးကိုရော လက်ရှိအာဏာရ အလုပ်သမားပါတီကပါ ထုတ်ပယ်ပစ်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG