သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်အနီး ဒေသခံကာကွယ်ရေးစခန်းတခုကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း


Muse မူဆယ်
Muse မူဆယ်

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်ဝှဲက်ကျေးရွာအနီးက ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) ရဲ့ စခန်းတခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။ နိုဝင်ဘာ ၂၂ ရက် မနက်အစောပိုင်းက ကောင်ဝှဲက်ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ဒီသတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက်အစောပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ထဲမှာရှိတဲ့ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ PSDA ရဲ့ စခန်းတခုကို စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ကောင်ဝှဲက်ကျေးရွာအနီးက သူတို့စခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့PSDA အဖွဲ့ဝင်တယောက်က ခုလိုပြောပါတယ်။

“မနက် ၃ နာရီခွဲ ၄ နာရီလောက်မှာ ကားသံတွေကြားရပြီး နိုးလာတယ်။ .... မိုးမလင်းခင် ၅ နာရီခွဲ ၆ နာရီလောက်မှာပဲ ၁၀၅ မိုင်ဘက်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ကလေးတွေကို။ ...ကလေးတွေကို သွားတိုက်ခိုက်တယ်လို့ ကြားတယ်။ PDF ကလေးတွေလို့ ပြောတယ်။” (ဒေသခံအမျိုးသမီးတဦး)


“၅ နာရီကျော်လောက်မှာ သူတို့က ကျနော်တို့စခန်းကို တွေ့သွားတယ်ခင်ဗျ၊ တွေ့သွားတော့ ကျနော်တို့သိတာ စောသွားလို့။ သူတို့က ကျနော်တို့ကို အမြစ်ဖြတ်ခြေမှုန်းမယ့်ပုံစံရှိတယ်။ (စစ်ကောင်စီက) တွေ့သွားတဲ့အချိန်မှာ သူတို့ဘက် က စပြီးပစ်တယ်။ ကျနော်တို့ဘက်ကပစ်တဲ့အချိန်မှာ လက်နက်ကြီးတွေနဲ့ လည်း ထုတယ်ခင်ဗျ။ လက်နက်ကြီးကို ဟိုဘက် ဒီဘက် နှစ်ဘက်ညှပ်ပြီးတော့ ပစ်တာခင်ဗျ။ ကျနော်တို့ဘက်ကလည်း တယောက်မှ ဖမ်းဆီးခံရတာဘာတွေတော့ မရှိဘူးခင်ဗျ။ ကျနော်တို့ အကုန်လုံးတော့ လွတ်မြောက်တဲ့နေရာကို ရောက်သွားပါပြီခင်ဗျ။ ကျနော်တို့ဘက်က အထိအခိုက်တော့ မရှိဘူးခင်ဗျ။ ကျနော်တို့ စခန်းမှာရှိတဲ့ပစ္စည်းတွေကိုတော့ ဖျက်စီးသွားတယ်ခင်ဗျ။ ဒီရွာနဲ့ နီးတဲ့နေရာက ဦးလေးကြီးတယောက်က အမဲလိုက်ရင်းနဲ့ ပြန်လာတယ်။ ဒီမှာ သူတို့နဲ့တွေ့တဲ့အချိန်မှာ ဒီဦးကြီးကို ပစ်ခတ်သွားတယ်၊ ပစ်ခတ်ပြီးတော့ သူတို့ မြေမြှုပ်သွားတယ်။ ဒီဦးလေးက အမဲလိုက်တာဆိုတော့ သူက တူမီးတလက်တော့ ပါတယ်။ ဒီဟာကိုတော့ သူတို့ ယူသွားတယ်။”

စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စခန်းကို ဝင်စီးတဲ့အတွက် နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ အခုလိုတိုက်ပွဲဖြစ်တဲ့နားက ကောင်ဝှဲက်ကျေးရွာခံတဦးကလည်းစစ်ကောင်စီတပ်ရှိရာ မူဆယ် ၁၀၅ မိုင်ကနေ ကောင်ဝှဲက်ကျေးရွာအနီး PSDA စခန်းဘက်ကို လက်နက်ကြီးပစ်ခတ်သံတွေ အကြာကြီး ကြားရတယ်လို့ အခုလို ပြောပါတယ်။

“မနက် ၃ နာရီခွဲ ၄ နာရီလောက်မှာ သူတို့တွေက ကားတွေနဲ့ အများကြီးပဲ လာကြတယ်။ ကားသံတွေကြားရပြီးတော့ ကျမတို့လည်းနိုးလာတယ်။ နားထောင်ကြည့်လိုက်တော့ ကားတွေ ကားတွေ အများကြီး။ ဘာဖြစ်လဲပေါ့၊ အဲ့ဒါနဲ့ ခဏလေးပြန်ငြိမ်နေလိုက်တော့ သိပ်မကြာဘူး၊ မိုးမလင်းခင် ၅ နာရီခွဲ ၆ နာရီလောက် ကျမယ်ထင်တယ်၊ အဲ့အချိန်လောက်မှာပဲ သူတို့တွေက ဟို ၁၀၅ မိုင်ဘက်ကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ကလေးတွေကို။ ဟို တဒုန်း ဒုန်းပဲ ကျမတို့တောင်မှ လန့်နေတယ်ဆို။ စပစ်ကတည်းက တော်တော်လေးကြားရတယ်၊ အများကြီးပဲ ပစ်ပေးတာ။ ကလေးတွေ အဲ့ဒီဘက်ကို၊ အဲ့ဒီဘက်ကို ပစ်တာ၊ပစ်တယ်။ ကလေးတွေကို သွားတိုက်ခိုက်တယ်လို့ ကြားတယ်။ PDFကလေးတွေလို့ ပြောတယ်။”

အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ခဲ့သလို အဲဒီဒေသဘက်မှာ စစ်တပ်ရဲ့ လှုပ်ရှားတွေရှိနေတာကြောင့် ဒေသခံတွေက တိုက်ပွဲတွေ ပုံမှန်ဖြစ်လာမှာမျိုးကို စိုးရိမ်နေကြပါတယ်။ ဒီဒေသတဝိုက်မှာ တအောင်းဝ်- ပလောင် TNLA အဖွဲ့၊ ကချင်လက်နက်ကိုင် KIA နောက် ကိုးကန့်လက်နက်ကိုင် MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသလို ပြည်သူ့စစ်အဖွဲ့တွေလည်း အတော်များများ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{Unicode}}










#MyanmarMilitaryCoup #MyanmarViolent #VOABurmese


============

XS
SM
MD
LG