သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်


မြောက်ကိုရီးယားခေါင်းဆောင်
မြောက်ကိုရီးယားခေါင်းဆောင်
မြောက်ကိုရီးယားအစိုးရဟာ သူ့နိုင်ငံသားတွေအပေါ်မှာ ပြောပြလို့မရအောင် ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းမှု အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။

မြောက်ကိုရီးယားအစိုးရ အမြင့်ဆုံးအဆင့်နဲ့ မူဘောင်ချမှတ်ထားတဲ့မူဝါဒဟာ မျက်မှောက်ခေတ်မှာ ဘာနဲ့မှ နှိုင်းလို့မရတဲ့ပုံစံမျိုးနဲ့ လူသားမျိုးနွယ်အပေါ်မှာ ပြစ်မှုတွေကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှ ဖော်ပြထားတာပါ။

မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့နိုင်ငံသားတွေကို စနစ်တကျ သတ်ဖြတ်နှိပ်စက်၊ ကျွန်ပြုခိုင်းစေတဲ့အပြင် အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းတာ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ကျား-မ ဒီလို လိင်အမျိုးအစားတွေကို လိုက်ပြီးတော့ အရေးယူနှိပ်ကွပ်တာတွေလုပ်တယ်လို့ ဂျနီဗာမှာထုတ်ပြန်တဲ့ စာမျက်နှာ ၄၀၀ ပါ အစီရင်ခံစာမှ တင်ပြထားပါတယ်။

မြောက်ကိုရီးယားအစိုးရကို နိုင်ငံတကာ ပြစ်မှုခုံရုံးကိုတင်ပြီး အရေးယူဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးတကြီးလုပ်ဆောင်ကြဖို့ လိုတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
XS
SM
MD
LG