သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို တင်းကြပ်တဲ့ ပိတ်ဆို့မှု ချမှတ်ဖို့ ကန်လွှတ်တော် ဆုံးဖြတ်


မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်ရေးပြ အခမ်းအနား မြင်ကွင်းတခု
မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်ရေးပြ အခမ်းအနား မြင်ကွင်းတခု

မြောက်ကိုရီးယားနိုငိငံ အပေါ် ဘဏ္ဍာရေးအရ ဖိအားပေးနိုင်မယ့် အမေရိကန်က ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု ချမှတ်နိုင်ရေး ဥပဒေကို အတည်ပြုနိုင်ဖို့ အင်္ဂါနေ့က ရှေ့ကို ခြေတလှမ်း တိုးလာခဲ့ပါပြီ။

မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု ချမှတ်ရေး သမ္မတ Trump အစိုးရက တောင်းဆိုနေမှုတွေကို ပံ့ပိုးပေးနိုင်မယ့် ဥပဒေ မူကြမ်းကို အမေရိကန် အောက်လွှတ်တော်က အထူး အမတ်အများစုနဲ့ အတည်ပြုပေးလိုက်ပါတယ်။

ဒီ ဥပဒေဟာ မြောက်ကိုရီးယားက နျူကလီးယား ဒုံးကျည်တည်ဆောက်နေတဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ပံ့ပိုးပေးနေသူတွေကို အရေးယူနိုင်ရေး အတွက် အစိုးရက လုပ်ဆောင်လိုတဲ့ အမေရိကန်ပြည်သူတွေနဲ့ မဟာမိတ်တွေကို အကာကွယ်ပေးနိုင်မယ့် နည်းလမ်း တခုဖြစ်ကြောင်း ဥပဒေကြမ်းကို ပူးတွဲ အဆိုတင်သွင်းခဲ့တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီ ဥက္ကဋ္ဌ Ed Royce က ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို တန်ပြန်နိုင်ရေးအတွက် အမေရိကန် အစိုးရက မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး လက်တုံ့ပြန်မယ့် အစီအစဉ်ကို လွှတ်တော်က ထောက်ခံပေးနေတယ်ဆိုတာ ကမ္ဘာကို ပြသလိုက်တာဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ Ed Royce က ပြောပါတယ်။

အသစ်ချမှတ်မယ့် ပိတ်ဆို့ အရေးယူမှုတွေအရ မြောက်ကိုရီးယားနဲ့ လက်နက် အရောင်းအဝယ် ပြုလုပ်တဲ့ နိုင်ငံတွေကို ပစ်မှတ်ထား အရေးယူတာ၊ မြောက်ကိုရီးယားအနေနဲ့ အဓမ္မ ခိုင်းစေမှုတွေကတဆင့် နိုင်ငံခြား ဝင်ငွေ မရနိုင်အောင်လုပ်ဆောင်တာ စတဲ့ ဘဏ္ဍာရေးအရ အထီးကျန်သွားအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားကို အကြမ်းဖက်ဝါဒ လက်ခံ ကျင်သုံးနေတဲ့ နိုင်ငံအဖြစ် ရက် ၉၀ အတွင်း သတ်မှတ်မလား၊ မသတ်မှတ် ဘူးလားဆိုတဲ့ ကန့်သတ်ချက်လည်း ဒီ ဥပဒေကြမ်းထဲမှာ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG