သုံးရလွယ်ကူစေသည့် Link များ

တောင်ကိုရီးယားနိုင်ငံက THAAD ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်ဟာ အခုအခါမှာ တပ်ဆင်ပြီး ပြီဖြစ်ပြီး မြောက်ကိုရီးယားဘက်က ပစ်ခတ်လာနိုင်တဲ့ Missile ဒုံးကျဉ်တွေကို စောင့်ကြည့်သွားနိုင်ပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ပြောပါတယ်။

အခုအခါမှာတော့ ကနဦးအဆင့် စောင့်ကြည့်ဖမ်းယူတာသာ လုပ်နိုင်သေးပေမယ့် THAAD ဒုံးခွင်းဒုံးစနစ် အပြည့်အ၀ အလုပ်လုပ်ဆောင်နိုင်ဖို့ လာမယ့် လတွေအတွင်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကာကွယ်ရေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ Seongju ဒေသတွင်းက ဂေါက်ကွင်းဟောင်းတခုမှာ THAAD ဒုံးခွင်းဒုံးစနစ်ကို နေရာချထားတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကတော့ ဒါဟာ သူတို့အတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ယူဆတာကြောင့် ဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။

အခုလို ဒုံးခွင်းဒုံစနစ် နေရာချထားမှုကို ချက်ချင်း ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Geng Shuang က မနေ့က သတင်းထောက်တွေကို ပြောပါတယ်။ အခုလပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံဟာ ပဲ့ထိန်းဒုံးစနစ်ကို ပိုကောင်းအောင် ကြိုးပမ်းနေပေမယ့် စမ်းသပ် ပစ်လွှတ်ရာမှာ အကြိမ်ကြိမ် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG