သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

THAAD ဒုံးခွင်းစနစ် တောင်ကိုရီးယားမှာ တပ်ဆင်


THAAD ဒုံးခွင်းယာဉ်များ တောင်ကိုရီးယားမှာ ဆိုက်ရောက်
THAAD ဒုံးခွင်းယာဉ်များ တောင်ကိုရီးယားမှာ ဆိုက်ရောက်

အမေရိကန် THAAD ဒုံးခွင်းဒုံးစနစ်ကို တောင်ကိုးရီးယားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့နှစ်ပတ်ပဲ လိုတော့တဲ့အချိန်အတွင်း အလောတကြီး တပ်ဆင်ဖို့ လုပ်နေတာမို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ထိပ်တန်းပြိုင်ဘက်တွေကြား အငြင်းပွားဖွယ်ဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်း Seoul က VOA သတင်းထောက် Brian Padden ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

THAAD ဒုံးခွင်းစနစ် တောင်ကိုရီးယားမှာ တပ်ဆင်နေ
THAAD ဒုံးခွင်းစနစ် တောင်ကိုရီးယားမှာ တပ်ဆင်နေ

THAAD ဒုံးခွင်းဒုံးစနစ်ပါ အစိတ်အပိုင်းတချို့ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက စစ်သုံး ထရပ်ကား အစီး ၂၀ နဲ့ နောက်တွဲယာဉ်တွေပေါ်မှာ တင်ဆောင်ပြီး တောင်ကိုးရီးယားအရှေ့တောင်ဘက် Seongju ခရိုင်မှာ ရှိတဲ့ Lotte ကုမ္ပဏီပိုင် ဂေါက်ကွင်းထဲက သတ်မှတ်နေရာကို သယ်ဆောင်လာတာပါ။ သယ်ယူလာတဲ့ ပစ္စည်းတွေထဲမှာ ဒုံးခွင့်ဒုံးစံနစ်ရဲ့ ပင်မ အစိတ်အပိုင်းတွေပါနေပြီး အလွယ်တကူ ရွှွှေ့ပြောင်းနိုင်တဲ့ ပစ်စင်တွေ၊ပစ်မှတ်ကို အနီအောက်ရောင်ခြည်သုံး နည်းနဲ့ အတိအကျရှာပြီး ကြားဖြတ်တားဆီးနိုင်တဲ့ ဒုံးကျည်တွေနဲ့ ရန်သူ့ ဒုံးကျည်တွေကို ရှာဖွေနိုင်တဲ့ အားကောင်းတဲ့ ရေဒါစံနစ်တွေ ပါဝင်ပါတယ်။

THAAD ဒုံးခွင်းစနစ် ကိုဆန့်ကျင်ဆန္ဒပြ
THAAD ဒုံးခွင်းစနစ် ကိုဆန့်ကျင်ဆန္ဒပြ

မြောက်ကိုးရီးယားရဲ့ နျူကလီယားနဲ့ ပဲ့ထိမ်းတပ်ဒုံးကျည် တွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ပိုတိုးလာတာမို့ THAAD ဒုံးခွင်းဒုံးစနစ်ကို စီစဉ်ထားတာထက် စောပြီး နေရာချဖို့ လုပ်ရတာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Moon Sang-kyun က ပြောပါတယ်။

"တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ဘုံနားလည်ထားမှု အပြင် ကိုရီးယား ကျွန်းဆွယ်ဒေသက ဆိုးဝါးနေတဲ့ လုံခြုံရေး အခြေနေကြောင့် THAAD ဒုံးခွင်းဒုံးစနစ်ကို ချက်ချင်း သုံးလို့ရအောင် လုပ်ထားဖို့ လိုနေပါပြီ"လို့ ကိုရီးယား ဘာသာနဲ့ ပြောသွားတာပါ။

ပစိဖိတ်ဒေသဆိုင်ရာ တပ်မဟာ PACOM က တပ်မှုး ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ကတော့ ဒီ THAAD ဒုံးခွင်းဒုံးစံနစ်ဟာ မကြာခင်ရက်ပိုင်းအတွင်း စတင်လည်ပတ်နိုင်တော့မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ဝါရှင်တန်ဒီစီက လွှတ်တော်ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သမ္မတ ရွေးကောက်ပွဲအတွင်း မဲဆွယ်ရာမှာ အဓိကဖြစ်နေတဲ့ THAAD ကိစ္စကို မေလ ၉ ရက် ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ညတွင်းချင်း စက်ပစ္စည်းထားဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ သဘာဝ ဝန်းကျင်စစ်ဆေးတာတွေ မလုပ်ခင် နေရာချခဲ့တာကြောင့် အံ့အားသင့်ခဲ့ကြတာပါ။

သမ္မတဟောင်း Park Geun-hye ကို ဒေါ်လာသန်းပေါင်းများစွာ အဂတိလိုက်စားမှုနဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုမှုကနေ ရွေးကောက်ပွဲကို စောစောစီးစီး ကျင်းပပေးဖို့ ဖြစ်လာတာပါ။ လောလောဆယ်မှာ ထောင်ထဲမှာ ရှိနေတဲ့ Park ကို လာဒ်ပေးလာဒ်ယူမှု အပါအဝင် ရာဇဝတ်ပစ်မှု အများအပြားနဲ့ တရားစွဲဆိုထားပါတယ်။

ကိုရီးယား ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ဦးဆောင်နေတဲ့ Moon Jae-in ကတော့ အခုလို THAAD ဒုံးခွင်းဒုံးစံနစ်ကို အလျှင်အမြန် ချထားတာအတွက် ဝေဖန်လိုက်ပြီး သမ္မတသစ် တက်လာချိန်အထိ ဒီဒုံးခွင်းဒုံး စနစ်တပ်ဆင်ရေးကို ရွှေ့ဆိုင်းပေးဖို့ လိုလားနေသလို ဒါမှ ဒီလိုတပ်ဆင်မှုရဲ့ အကျိုးအပြစ်တွေကို ဆန်းစစ်နိုင်မယ်လို့ ပြောပါတယ်။

Moon ရဲ့မဲဆွယ်ပွဲ တာဝန်ခံ Park Kwang ကတော့

“ဒီပစ္စည်းတွေ ပေးပို့တာကို ရပ်ဆိုင်းထားသင့်သလို နောက်တက်လာမယ့် အစိုးရသစ်ကမှ ဒီပြဿနာကို ဘယ်လိုလုပ်မယ်ဆိုတာ အဆုံးအဖြတ်ပေးသင့်ပါတယ်” လို့ ဗုဒ္ဓဟူးနေ့မှာပဲ ပြောသွားတာပါ

THAAD ဒုံးခွင်းဒုံးစနစ် တပ်ဆင်တာကို ထောက်ခံတဲ့ ပြည်သူ့ပါတီက Ahn Cheol-soo ဟာ ရွေးကောက်ပွဲမှာ ဒုတိယနေရာက လိုက်နေသူ ဖြစ်ပြီး သူကလည်း အခုလို အလောတကြီးတပ်ဆင်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ရဲ့ လုပ်ဆောင်မှုမှာ တရားရေး လုပ်ထုံး တွေကို ရှောင်ဖို့ ကြိုးစားတာမို့ ဒီမိုကရေစီနည်း မကျဘူးလို့ ဝေဖန်ပါတယ်။

ပြည်သူ့ပါတီအကြီးအကဲကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပြီး THAAD စနစ်ကို တပ်ဆင်တာဟာ ကိုရီးယား နိုင်ငံနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချရဖို့ ဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ သေသေချာချာ ဆွေးနွေးပြီးမှ စနစ်တကျ တပ်ဆင်ရမှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။

အစိုးရတာဝန်ရှိသူတွေက အာမခံနေတဲ့ကြားကပဲ ကျန်းမာရေးနဲ့ သဘာဝ ဝန်းကျင်ထိခိုက်မှာ စိုးရိမ်တဲ့ အဲဒီဒေသတဝိုက် နေထိုင်သူ အများအပြားက ဗုဒ္ဓဟူးနေ့မှာပဲ တပ်ဆင်မယ့် နေရာကို လာရောက်တဲ့ စစ်တပ်ယာဉ်တန်းကို ဆန္ဒပြပိတ်ဆို့မှုတွေရှိခဲ့ပါတယ်။ ဒီလက်နက် တပ်ဆင်ထားတာမို့ သူတို့ရဲ့ ဒေသကို မြောက်ကိုရီးယားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်နိုင်တယ်ဆိုပြီးလည်း စိတ်ပူနေကြတာပါ။

တနိုင်ငံလုံးအတွက်တော့ ကိုရီးယား ၂ နိုင်ငံနယ်စပ်ဒေသနဲ့ နီးတဲ့နေရာတွေနဲ့ တောင်ကိုရီးယား လူဦးရေ သန်း ၅၀ ထဲက ထက်ဝက်လောက် နေထိုင်တဲ့ ဆိုးလ် မြို့တော်တွေကို ပစ်မှတ်ထားပြီး မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်နဲ့ လက်နက်ကြီးတွေ အများအပြားနဲ့ ပစ်ခတ်မယ် ဆိုရင် ဒီ THAAD က ထိထိရောက်ရောက် မတုံ့ပြန်နိုင်ဘူးလို့လည်း ဝေဖန်နေကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ ရန်စမှုကိုရော တရုတ်ကိုပါ ကျောခိုင်းဖို့ လုပ်နေတာဟာ အကျိုးအမြတ်သိပ်မရှိဘူးလို့ ဆိုပါတယ်။

တကယ်တော့ အခုလို THAAD စနစ်ကို တပ်ဆင်တာဟာ မလိုအပ်တဲ့ စစ်ရေးအရှိန်မြှင့်တာဆိုပြီးတရုတ်အစိုးရက ကန့်ကွက်နေတာ ဖြစ်ပါ တယ်။ ဒါ့အပြင် ဒီလိုတပ်ဆင်တာကနေ THAAD စံနစ်ရဲ့ ရေဒါက သူတို့နိုင်ငံကိုရော တခြားနိုင်ငံတွေကိုပါ ထောက်လှန်းနိုင်တယ်လို့ ပြောပါ တယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုအန္တရာယ်ကို တန်ပြန်ရေးအတွက် THAAD စနစ်ကိုတပ်ဆင်ဖို့ ပြီးခဲ့တဲ့နှစ်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ မစ္စ Park အဖြုတ်ချ ခံခဲ့ရတဲ့နောက် ယာယီတာဝန်ယူထားတဲ့ အစိုးရလည်း ဒီစနစ်တပ်ဆင်ဖို့ အပြည့်အဝ ထောက်ခံ ထားပါတယ်။

ကိုရီးယား လွတ်မြောက်ရေးပါတီက Kwang Myoung-cha ကတော့ အရင်သမ္မတ အုပ်ချုပ်ရေးအဖွဲ့ဟာ တောင်ကိုရီးယားမှာ အမေရိကန် ဆန့်ကျင်ရေးပေါ်ပေါက်လာအောင် လုပ်နေသလို တောင်ကိုရီးယားမှာ အမေရိကန် စစ်အခြေစိုက်စခန်း ထားရှိတာဟာ ကိုရီးယား- အမေရိကန် ဆက်ဆံရေးကို အပြုသဘော ဆောင်တယ်လို့ အများမြင်ဖို့ သိပ်ခက်တယ်လို့ ပြောပါတယ်။

ဘာပဲပြောပြော လာမယ့် ရွေးကောက်ပွဲအတွက် မကြာသေးခင်ကမှ လူထု စစ်တမ်းကောက်ခဲ့ရာမှာ ကိုရီးယား လွတ်မြောက်ရေးပါတီက Hong Joon-pyo ကို နှစ်သက်သူက ၉ % ပဲ ရှိနေတာ ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီက Moon က ၄၁ % နဲ့ သူနဲ့ သိပ်မကွာတဲ့ ပြိုင်ဘက် ပြည်သူ့ပါတီက Ahn ကတော့ ၃၀ % ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG