သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

THAAD ဒုံးစနစ်အတွက် ပထမသုတ်ပစ္စည်းများ တောင်ကိုရီယားရောက်ရှိ


အမေရိကန်ပြည်ထောင်စုက THAAD ဒုံးကျဉ် ကာကွယ်ရေး စနစ် တပ်ဆင်ဖို့ အစိတ်အပိုင်းတချို့ ပထမဆုံးအသုတ် အဖြစ် ဒီကနေ့ ပဲ တောင်ကိုရီးယား နိုင်ငံ ကို ရောက်ရှိ လာကြပြီဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောသွားပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းတပ် ဒုံးကျဉ် အနည်းဆုံး ၄ စင်း မနေ့က ပစ်လွှတ်ခဲ့ပြီး အဲဒီအထဲက သုံးစင်းဟာ ဂျပန်ကျွန်းမကြီး ကီလိုမီတာ ၃၅၀အတွင်းကို ကျသွားခဲ့ပါတယ်။ မြောက်ကိုရီယားက ဒုံးကျည်စမ်းသပ်မှုတွေ တိုးမြင့်လုပ်ဆောင်နေပြီး နျူ ကလီယားလက်နက် ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေဆောင်ရွက်မှုတွေ လုပ်နေတဲ့အချိန်မှာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တောင်ကိုရီယားမှာ အလျင်အမြန်တပ်ဆင်ဖို့ အမေရိကန်နဲ့ တောင်ကိုရီယားအစိုးရအကြား မနှစ်က သဘောတူခဲ့ကြတာပါ။

THAAD ဒုံးကာကွယ်ရေးစနစ်ဟာ ဧပြီလမှာ အစောဆုံးထားပြီး အသုံးပြုနိုင်မယ် လို့ တောင်ကိုရီယားစစ်ဘက်က ပြောပါတယ်။

နောက် ဒုံးကျည်ကာကွယ်ရေးစနစ်တခုဖြစ်တဲ့ Patriot ဒုံးကာကွယ်ရေးစနစ်လိုပဲ THAAD စနစ်ကလည်း ဝင်လာတဲ့ ဒုံးတွေကို ပစ်ချမယ့် ဒုံးခွင်းဒုံး စနစ်ဖြစ်ပါတယ်။ THAAD စနစ်က ဒုံးကျည်ပစ်စင်ပေါ်မှာ ဒုံး အစင်းရေ ၄၈ စင်း တပ်ဆင်ထားနိုင်ပြီး၊ အရမ်းတိကျမှန်ကန်တဲ့ ရေဒါစနစ်နဲ့ အနီအောက်ရောင်ခြည်စနစ်တို့ကို သုံးထားတာပါ။ အဲဒီကနေ တဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေ ကီလိုမီတာ ၂၀၀ အတွင်း ရောက်လာရင် ကြိုတင်သိရှိနိုင်ပြီး ဒုံးကျည်အဆင်းမှာ ဖြတ်ပြီး ပစ်ချနိုင်မှာဖြစ်ပါတယ်။

မနေ့က မြောက်ကိုရီယားက ပစ်လွှတ်တာတွေကိုတော့ မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင်ကြီးကြပ်စောင့်ကြည့် ခဲ့တယ်လို့ မြောက်ကိုရီယား အစိုးရပိုင်သတင်းတွေက ကြေညာသွားပါတယ်။ ဒီ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ ဂျပန်မှာ အခြေစိုက်တဲ့ အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ လက်နက်ကြီးတွေကို စမ်းသပ်တာဖြစ်တယ် လို့ မြောက်ကိုရီယားအစိုးရ သတင်းဌာနက ကြေညာခဲ့ပါတယ်။

THAAD ဒုံးစနစ်အတွက် ပထမသုတ်ပစ္စည်းများ တောင်ကိုရီယားရောက်ရှိ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG