[[Zawgyi/Unicode]]
ေျမာက္ကိုရီးယားမွာ ကိုဗစ္ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့အေပၚ ကိုယ္ပိုင္စနစ္ေတြနဲ႔ တုံ႔ျပန္ထိန္းခ်ဳပ္ဖို႔စီစဥ္ေနပါတယ္။ ဧၿပီအေစာပိုင္းကတည္းက ေျမာက္ကိုရီးယားမွာ အနည္းဆုံး ၁.၇ သန္းေက်ာ္ ဖ်ားနာေနတာပါ။
ႏိုင္ငံ့လူဦးေရ ၂၆ သန္းနီးပါး အခုထိ ကာကြယ္ေဆးမထိုးရေသးပါဘူး။ ေရာဂါစစ္ေဆးမႈေတြက်ယ္ က်ယ္ျပန႔္ျပန႔္မလုပ္ႏိုင္ေသးတဲ့ၾကား ဒီကေန႔ ေနာက္ထပ္ဖ်ားနာသူ ၂ သိန္း ၃ ေသာင္းေက်ာ္ရွိတယ္လို႔ ႏိုင္ငံပိုင္ KCNA သတင္းက ျပည္နယ္ အေရးေပၚကူးစက္ေရာဂါ ကာကြယ္ေရးဌာနခ်ဳပ္ကို ကိုးကားေျပာဆိုပါတယ္။
ေျမာက္ကိုရီးယားမွာ ကိုဗစ္မ်ိဳးကြဲ အိုမီခ႐ြန္ကူးစက္ပ်ံ႕ႏွံ႔ေနၿပီး ပထမဆုံး ကိုဗစ္ေၾကာင့္ ေသဆုံးတဲ့သူရွိတဲ့အေၾကာင္း ေမလ ၁၃ ရက္ေန႔က အတည္ျပဳခဲ့တာပါ။ အခုထိ ကိုဗစ္နဲ႔ ေသဆုံးသူ ၆၂ ေယာက္ရွိပါတယ္။ ေရာဂါထိန္းခ်ဳပ္ဖို႔ အေသးစိတ္ကာကြယ္ေရး အစီအမံေတြကို အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ေနတယ္လို႔လည္း KCNA သတင္းက ေျပာပါတယ္။
ကပ္ေရာဂါတိုက္ဖ်က္ေရး တုံ႔ျပန္ေဆာင္႐ြက္မႈ အားနည္းေနတဲ့အေပၚ ေခါင္းေဆာင္ Kim Jong Un က တာဝန္ရွိသူေတြကို အဂၤါေန႔က ျပစ္တင္ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ အဓိက ကူးစက္မႈေတြျဖစ္ေနတဲ့ ၿမိဳ႕ေတာ္ၿပဳံယမ္းမွာ စစ္ဘက္ဝန္ထမ္း ၃,၀၀၀ ေက်ာ္က ရာနဲ႔ခ်ီတဲ့ေဆးဆိုင္ေတြကို ၂၄ နာရီဝန္ေဆာင္မႈစနစ္နဲ႔ ေဆးဝါးေတြေပးပို႔ေနပါတယ္။ အျခားၿမိဳ႕ေတြနဲ႔ ျပည္နယ္ေတြက ေဝးလံေခါင္သီတဲ့ေဒသေတြထိ ေဆးဝါးေတြ ေထာက္ပံ့ေပးပို႔ကိုလည္း အႀကီးတန္းအရာရွိေတြကို တာဝန္ေပးထားပါတယ္။
ျပည္သူ႔က်န္းမာေရးဌာနက ဆရာေတြ၊ ေက်ာင္းသားေတြနဲ႔ တာဝန္ရွိသူေတြ လူေပါင္း ၁.၄ သန္းေက်ာ္ကို စစ္ေဆးကုသေပးေနၿပီးေတာ့ ေရာဂါကူးစက္မႈတိုက္ဖ်က္ေရး အဖြဲ႕ ၅၀၀ ေလာက္နဲ႔ ေရာဂါရွာေဖြကုသမႈေတြကို လုပ္ေဆာင္ေပးေနပါတယ္။ လူနာေတြကို ေရာဂါကူးစက္မႈ ရွိ၊ မရွိ ဘယ္လို ရွာေဖြအတည္ျပဳတယ္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္းမသိရပါဘူး။
================
[[Unicode]]
မြောက်ကိုရီးယား ကိုဗစ်ကူးစက်မှုမြင့်တက်၊ ကိုယ်ပိုင်စံနစ်နဲ့တုံ့ပြန်ဖို့စီစဉ်နေ
မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့အပေါ် ကိုယ်ပိုင်စနစ်တွေနဲ့ တုံ့ပြန်ထိန်းချုပ်ဖို့စီစဉ်နေပါတယ်။ ဧပြီအစောပိုင်းကတည်းက မြောက်ကိုရီးယားမှာ အနည်းဆုံး ၁.၇ သန်းကျော် ဖျားနာနေတာပါ။
နိုင်ငံ့လူဦးရေ ၂၆ သန်းနီးပါး အခုထိ ကာကွယ်ဆေးမထိုးရသေးပါဘူး။ ရောဂါစစ်ဆေးမှုတွေကျယ် ကျယ်ပြန့်ပြန့်မလုပ်နိုင်သေးတဲ့ကြား ဒီကနေ့ နောက်ထပ်ဖျားနာသူ ၂ သိန်း ၃ သောင်းကျော်ရှိတယ်လို့ နိုင်ငံပိုင် KCNA သတင်းက ပြည်နယ် အရေးပေါ်ကူးစက်ရောဂါ ကာကွယ်ရေးဌာနချုပ်ကို ကိုးကားပြောဆိုပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်မျိုးကွဲ အိုမီခရွန်ကူးစက်ပျံ့နှံ့နေပြီး ပထမဆုံး ကိုဗစ်ကြောင့် သေဆုံးတဲ့သူရှိတဲ့အကြောင်း မေလ ၁၃ ရက်နေ့က အတည်ပြုခဲ့တာပါ။ အခုထိ ကိုဗစ်နဲ့ သေဆုံးသူ ၆၂ ယောက်ရှိပါတယ်။ ရောဂါထိန်းချုပ်ဖို့ အသေးစိတ်ကာကွယ်ရေး အစီအမံတွေကို အကောင်အထည် ဖော် ဆောင်ရွက်နေတယ်လို့လည်း KCNA သတင်းက ပြောပါတယ်။
ကပ်ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှု အားနည်းနေတဲ့အပေါ် ခေါင်းဆောင် Kim Jong Un က တာဝန်ရှိသူတွေကို အင်္ဂါနေ့က ပြစ်တင်ပြောဆိုခဲ့ပြီးတဲ့နောက် အဓိက ကူးစက်မှုတွေဖြစ်နေတဲ့ မြို့တော်ပြုံယမ်းမှာ စစ်ဘက်ဝန်ထမ်း ၃,၀၀၀ ကျော်က ရာနဲ့ချီတဲ့ဆေးဆိုင်တွေကို ၂၄ နာရီဝန်ဆောင်မှုစနစ်နဲ့ ဆေးဝါးတွေပေးပို့နေပါတယ်။ အခြားမြို့တွေနဲ့ ပြည်နယ်တွေက ဝေးလံခေါင်သီတဲ့ဒေသတွေထိ ဆေးဝါးတွေ ထောက်ပံ့ပေးပို့ကိုလည်း အကြီးတန်းအရာရှိတွေကို တာဝန်ပေးထားပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနက ဆရာတွေ၊ ကျောင်းသားတွေနဲ့ တာဝန်ရှိသူတွေ လူပေါင်း ၁.၄ သန်းကျော်ကို စစ်ဆေးကုသပေးနေပြီးတော့ ရောဂါကူးစက်မှုတိုက်ဖျက်ရေး အဖွဲ့ ၅၀၀ လောက်နဲ့ ရောဂါရှာဖွေကုသမှုတွေကို လုပ်ဆောင်ပေးနေပါတယ်။ လူနာတွေကို ရောဂါကူးစက်မှု ရှိ၊ မရှိ ဘယ်လို ရှာဖွေအတည်ပြုတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
================