သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဲ့ထိန္းဒုံးသုံးစင္း ေျမာက္ကိုရီးယားစမ္းသပ္ပစ္ခတ္


ေျမာက္ကိုရီးယားက ပဲ့ထိန္းတပ္ဒံုးက်ည္စမ္းသပ္ပစ္လႊတ္ေနတာကို ေတာင္ကိုရီးယားဘူတာ႐ံုက ႐ုပ္သံမွာ ထုတ္လႊင့္ျပသထားပံု။ (ေမ ၂၅၊ ၂၀၂၂)

[[Zawgyi/Unicode]]

တိုက္ခ်င္းပစ္ ပဲ့ထိန္းတပ္ဒုံးက်ည္အပါအဝင္ ပဲ့ထိန္းတပ္ဒုံးက်ည္ ၃ စင္းကို ေျမာက္ကိုရီးယားက ဗုဒၶဟူးေန႔က စမ္းသပ္ပစ္လႊတ္လိုက္တယ္လို႔ ေတာင္ကိုရီးယားက ေျပာပါတယ္။

အေမရိကန္သမၼတဘိုင္ဒန္ရဲ႕ အာရွခရီးစဥ္အတြင္း ဒါမွမဟုတ္ အဲဒီဝန္းက်င္မွာ ေျမာက္ကိုရီးယား ဟာ တာေဝးပစ္ဒုံးက်ည္ ဒါမွမဟုတ္ န်ဴကလီယားလက္နက္ကို စမ္းသပ္ပစ္လႊတ္ႏိုင္တယ္လို႔ အေမရိကန္တာဝန္ရွိသူေတြက သတိေပးခဲ့ၾကပါတယ္။ အေမရိကန္သမၼတဘိုင္ဒန္ရီးစဥ္အတြင္းမွာ မစမ္းသပ္ခဲ့ေပမယ့္ ဂ်ပန္ကထြက္ခြါခဲ့ၿပီးတဲ့ေနာက္ ၁၂ နာရီ အၾကာမွာ ခုလို စမ္းသပ္ပစ္လႊတ္လိုက္တာ ျဖစ္ပါတယ္။

ပထမ စမ္းသပ္ပစ္လႊတ္လိုက္တဲ့ဒုံးက်ည္က ICBM လို႔ အတိုအားျဖင့္သိၾကတဲ့ တိုက္ခ်င္းပစ္ ပဲ့ထိန္းတပ္ဒုံးက်ည္ ျဖစ္ဖြယ္ရွိတယ္လို႔ ေတာင္ကိုရီးယားက ေျပာပါတယ္။ ဒီ ဒုံးက်ည္ဟာ အျမင့္ေပ ၅၄၀ ကီလိုမီတာကေန အကြာအေဝး ၃၆၀ ကီလိုမီတာ ပ်ံသန္းသြားခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာပါတယ္။ ဒုတိယဒုံးက်ည္ကေတာ့ ပ်ံတက္အၿပီးမွာ ပ်က္က်သြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒုတိယဒုံးက်ည္ေရာ၊ တတိယဒုံးက်ည္ပါ တာတိုပစ္ဒုံးက်ည္ေတြျဖစ္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။

ေျမာက္ကိုရီးယားရဲ႕ စမ္းသပ္မႈကို တုံ႔ျပန္တဲ့အေနနဲ႔ 30 F-15K အမ်ိဳးအစား ဂ်က္တိုက္ေလယာဥ္ေတြပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈတရပ္ကို ေတာင္ကိုရီးယားက ေလ့က်င့္ခဲ့ပါတယ္။ ေျမျပင္ပစ္ ဒုံးက်ည္ကိုလည္း အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က ပစ္လႊတ္ေလ့က်င့္ခဲ့ၾကပါေသးတယ္။


ခုလို ပစ္လႊတ္လိုက္တာကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဘလင္ကင္န္က ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးတို႔နဲ႔ အင္တာနက္ကေန ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီး ခုလို စမ္းသပ္တာ ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ခ်ိဳးေဖာက္တာျဖစ္တာေၾကာင့္ ျပင္းထန္စြာရႈတ္ခ်ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေၾကညာခဲ့ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္းက ႐ိုးသားေလးနက္မယ္ဆိုရင္ ေတြ႕ဆုံမယ္လို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ဆိုးလ္ၿမိဳ႕ကို ေရာက္ရွိစဥ္မွာ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ေျမာက္ကိုရီးယားအေပၚ ရန္လိုတဲ့မူဝါဒရွိေနသမွ် ေဆြးေႏြးပြဲမဝင္ဘူးလို႔ ေျမာက္ကိုရီးယားကေတာ့ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ပဲ့ထိန်းဒုံးသုံးစင်း မြောက်ကိုရီးယားစမ်းသပ်ပစ်ခတ်

တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်အပါအဝင် ပဲ့ထိန်းတပ်ဒုံးကျည် ၃ စင်းကို မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အမေရိကန်သမ္မတဘိုင်ဒန်ရဲ့ အာရှခရီးစဉ်အတွင်း ဒါမှမဟုတ် အဲဒီဝန်းကျင်မှာ မြောက်ကိုရီးယား ဟာ တာဝေးပစ်ဒုံးကျည် ဒါမှမဟုတ် နျူကလီယားလက်နက်ကို စမ်းသပ်ပစ်လွှတ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက သတိပေးခဲ့ကြပါတယ်။ အမေရိကန်သမ္မတဘိုင်ဒန်ရီးစဉ်အတွင်းမှာ မစမ်းသပ်ခဲ့ပေမယ့် ဂျပန်ကထွက်ခွါခဲ့ပြီးတဲ့နောက် ၁၂ နာရီ အကြာမှာ ခုလို စမ်းသပ်ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။

ပထမ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ဒုံးကျည်က ICBM လို့ အတိုအားဖြင့်သိကြတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည် ဖြစ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ ဒီ ဒုံးကျည်ဟာ အမြင့်ပေ ၅၄၀ ကီလိုမီတာကနေ အကွာအဝေး ၃၆၀ ကီလိုမီတာ ပျံသန်းသွားခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒုတိယဒုံးကျည်ကတော့ ပျံတက်အပြီးမှာ ပျက်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယဒုံးကျည်ရော၊ တတိယဒုံးကျည်ပါ တာတိုပစ်ဒုံးကျည်တွေဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ 30 F-15K အမျိုးအစား ဂျက်တိုက်လေယာဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတရပ်ကို တောင်ကိုရီးယားက လေ့ကျင့်ခဲ့ပါတယ်။ မြေပြင်ပစ် ဒုံးကျည်ကိုလည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပစ်လွှတ်လေ့ကျင့်ခဲ့ကြပါသေးတယ်။

ခုလို ပစ်လွှတ်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်န်က တောင်ကိုရီးယား၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ အင်တာနက်ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခုလို စမ်းသပ်တာ ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက ရိုးသားလေးနက်မယ်ဆိုရင် တွေ့ဆုံမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဆိုးလ်မြို့ကို ရောက်ရှိစဉ်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒရှိနေသမျှ ဆွေးနွေးပွဲမဝင်ဘူးလို့ မြောက်ကိုရီးယားကတော့ ဆိုပါတယ်။
==============

XS
SM
MD
LG