သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Notre Dame ဘုရားကျောင်း မီးလောင်မှု ၉ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရ


ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အထင်ကရ Notre Dame ရှေးဟောင်းဘုရားကျောင်းကြီးမှာ တနင်္လာနေ့က မီးလောင်တာကို မီးသတ်သမား ၄၀၀ ကိုးနာရီကျော်ကြာ ကြိုးစား ငြိမ်းသတ်ခဲ့ရပါတယ်။ မီးကြောင့် ဘုရားကျောင်းမှာ အကြီးအကျယ် ပျက်စီးသွားပေမယ့် အဓိက အဆောက်အအုံပိုင်းကို ကာကွယ်နိုင်လိုက်တယ်လို့ ပါရီ မီးသတ်တပ်ဖွဲ့က ဒီကနေ့ပြောပါတယ်။

ဘုရားကျောင်းရဲ့ မျှော်စင်တိုင်ကြီးနှစ်ခုနဲ့ ကျောက်တုံးအဆောက်အအုံတို့ မူလအတိုင်း မပျက်မစီးကျန်ရစ်တာကို ဒီကနေ့တွေ့ရပါ တယ်။ ဒါပေမယ့် ဘုရားကျောင်းရဲ့ ၁၂ ရာစုနှစ် ခေါင်မိုးနဲ့ ထိပ်ချွန်မျှော်စင်ကတော့ မီးကြောင့် ပြိုကျပျက်စီးသွားပါတယ်။

ဘုရားကျောင်းထဲက ဘာသာရေးအထွဋ်အမြတ် ပစ္စည်းတွေနဲ့ အနုပညာလက်ရာကြီးတွေ ပျက်စီးမသွားအောင် ကာကွယ်ပေးခဲ့ ကြတဲ့ မီးသတ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေကို ပါရီမြို့တော်ဝန် Anne Hidalgo က ကျေးဇူးတင်စကားပြောပါတယ်။ Notre Dame ဘုရားကျောင်းကြီးဟာ “ပါရီရဲ့ဝိညာဉ် ပဲ့တင်ထပ်” တဲ့နေရာဖြစ်တယ်လို့ မြို့တော်ဝန် Hidalgo ကပြောပါတယ်။

မီးငြိမ်းသတ်ချိန်အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron က “မီးကို အပြည့်အဝ မငြိမ်းသတ်နိုင်သေးပေမယ့်လည်း အဆိုးဆုံးအခြေအနေကို ရှောင်လိုက်နိုင်ပါပြီ” လို့ ဒေသစံတော်ချိန် ညသန်းခေါင်မတိုင်ခင်လေးမှာပဲ သတင်းထောက်တွေကို ဘုရားကျောင်းမှာပြောပါ တယ်။ မီးလောင်တဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း ဘုရားကျောင်းမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်နေတာနဲ့ ဆက်စပ်နိုင်တယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ပြင်သစ်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

Notre Dame ဘုရားကျောင်း မီးလောင်မှု ၉ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG