သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝင်ဘယ်လ်ဒန် တင်းနစ်အမျိုးသားပွဲ Djokovic ဗိုလ်စွဲ


ဆားဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော် Novak Djokovic.
ဆားဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော် Novak Djokovic.

[ Zawgyi ]

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဝင်ဘယ်လ်ဒန် အမျိုးသားတဦးချင်း တင်းနစ် ဗိုလ်လုပွဲမှာတော့ ဆားဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော် Novak Djokovic က အီတလီနိုင်ငံသား Matteo Berrettini ကို 6-7, 6-4, 6-4, 6-3 နဲ့ နောက်ပိုင်းသုံးပွဲမှာ ဆက်တိုက်နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။

အခုလို ဝင်ဘယ်လ်ဒန်ပွဲကို အနိုင်ရလိုက်တဲ့အတွက် Djokovic ဟာ "Grand Slam" လို့ခေါ်တဲ့ ကစားကွင်းအမျိုးမျိုးရဲ့ ဗိုလ်လုပွဲတွေမှာ အကြိမ် ၂၀ မြောက် အနိုင်ရလိုက်ပြီ ဖြစ်တာကြောင့် သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Roger Federer နဲ့ရော Rafael Nadal နဲ့ပါ တန်းတူ ဖြစ်သွားပါတယ်။

"ကျနော် အမြဲပြောခဲ့သလိုပါပဲ၊ Rafa နဲ့ Roger တို့ကို ချီးကျူးဂုဏ်ပြုစကား ပြောရမှာပါ။ သူတို့ဟာ အားကစားလောကရဲ့ အကျော်အမော်တွေ ဖြစ်သလို ကျနော် ရင်ဆိုင်ကစားခဲ့ဖူးသမျှထဲမှာ အလွန် အရေးပါဆုံး ကစားသမားတွေလည်း ဖြစ်ကြပါတယ်။ ဒီနေ့ ဒီလိုအခြေအနေထိ ကျနော် ရောက်လာတဟာ သူတို့ကြောင့်ပါ။ သူတို့က ကျနော့်ကို စိတ်ပိုင်း ရုပ်ပိုင်း ခွန်အားတွေ ပေးခဲ့ပါတယ်" လို့ Djokovic က ပြိုင်ပွဲအပြီး ပြောသွားတာ ဖြစ်ပါတယ်။

ကလေးဘဝကတည်းက ဒီ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲဖို့ အိပ်မက်ကြီးတခု ရှိခဲ့ကြောင်းလည်း သူက ပြောပါတယ်။

Djokovic နဲ့ယှဉ်ပြိုင်တဲ့ Berrettini ကတော့ ကမ္ဘာ့တင်းနစ် အဆင့် ၇ ရှိတဲ့ ကစားသမားဖြစ်ပြီး Grand Slam ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ အီတလီလူမျိုး ဖြစ်ပါတယ်။

ဝင်ဘယ်လ်ဒန် တင်းနစ်အမျိုးသားပွဲ Djokovic ဗိုလ်စွဲ
please wait

No media source currently available

0:00 0:00:17 0:00
တိုက်ရိုက် လင့်ခ်

-------------------

[ Unicode ]







XS
SM
MD
LG