သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

French Open တင်းနစ် Novak Djokovic ဗိုလ်စွဲ


ဆာဗီးယား တင်းနစ်အကျော်အမော် Novak Djokovic ( ဇွန်လ ၁၃ ရက်နေ့ ဗိုလ်စွဲအပြီး တွေ့ရစဉ် )
ဆာဗီးယား တင်းနစ်အကျော်အမော် Novak Djokovic ( ဇွန်လ ၁၃ ရက်နေ့ ဗိုလ်စွဲအပြီး တွေ့ရစဉ် )

[ Zawgyi ]

ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသား တဦးချင်းပြိုင်ပွဲကို တနင်္ဂနွေနေ့က ပဲရစ်မြို့ Philippe-Chatrier ကွင်းမှာ ကျင်းပခဲ့ရာမှာ ဆားဗီးယားနိုင်ငံသား တင်းနစ်အကျော်အမော် Novak Djokovic က ဂရိစ် တင်းနစ်သမား Stefanos Tsitsipas ကို ၆-၇၊ ၂-၆၊ ၆-၃၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီး Grand Slam ဆုဖလားကို ၁၉ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။ သူအနိုင်ရတာနဲ့ ပတ်သက်လို့ Djokovic က ပြိုင်ပွဲအပြီး ခုလို ပြောပါတယ်။

"ကျနော့်ရဲ့အဖွဲ့သားတွေကိုရော၊ ကျနော့်နည်းပြနဲ့ ကျနော့်မိသားစုကိုပါ ကျေးဇူးတင်ပါတယ်။ ဒီကစားပွဲဟာ စိတ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အရပါ အရမ်းခက်ခဲတယ်လို့ ပြောရမှာပါ။" .. ဆိုပြီး ပြောသွားတာပါ။

၄ နာရီနဲ့ ၁၁ မိနစ်ကြာ ၅ ပွဲဆက်တိုက် ကစားခဲ့ရတဲ့ပွဲမှာ အသက် ၃၄ နှစ်အရွယ် Djokovic က အစောပိုင်း ၂ ပွဲ ရှုံးနေခဲ့ရာက ခပ်သွက်သွက် ကစားပြီး နောက်ဆုံး ၃ ပွဲမှာ ဆက်တိုက်အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။

အသက် ၂၂ အရွယ် Tsitsipas ကတော့ တနင်္ဂနွေနေ့က ကျင်းပတဲ့ Grand Slam ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာသူ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁ ရှိတဲ့ Djokovic ဟာ ပြီးခဲ့တဲ့အပတ်ထဲ ကျင်းပတဲ့ ဆီမီးဖိုင်နယ်ပွဲမှာ မြေစေးကွင်းတို့ရဲ့ဘုရင်လို့ တင်စားခေါ်ကြတဲ့ ရာဖဲလ်နဒါးလ်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာ ဖြစ်ပါတယ်။
French Open တင်းနစ် Novak Djokovic ဗိုလ်စွဲ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]





XS
SM
MD
LG