သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသားတင်းနစ် Djokovic ၅ ကြိမ်မြောက် ဗိုလ်စွဲ


Novak Djokovic အနိုင်ရ
Novak Djokovic အနိုင်ရ

ဗြိတိန်နိုင်ငံမှာကျင်းပနေတဲ့ WIMBLEDON တင်းနစ် အမျိုးသားတဦးချင်းပြိုင်ပွဲမှာတော့ Novak Djokovic က ရော်ဂျာဖယ်ဒရာကို အနိုင်ရပြီးတော့ ဝင်ဘယ်လ်ဒန်ချန်ပီယံဆုကို ၅ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။

ဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားကြတာမှာ ဆာဘီးယားနိုင်ငံသား ကမ္ဘာ့အဆင့် (၁) ဂျိုကိုဗစ်ချ်က ဆွစ်ဇာလန်က ကမ္ဘာ့အဆင့် (၃) ဖယ်ဒရာကို ၇-၆၊ ၁-၆၊ ၇-၆၊ ၄-၆၊ ၁၃-၁၂ နဲ့ ၅ ပွဲ အကြိတ်အနယ်ကစားပြီး ချန်ပီယံဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် ဂျိုကိုဗစ်ချ်ဟာ ၂ နှစ် ဆက်တိုက် ဗိုလ်စွဲသွားတာလည်းဖြစ်ပါတယ်။ ဒီပွဲဟာ စုစုပေါင်း ၄ နာရီ နဲ့ ၅၇ မိနစ်ကြာခဲ့ပြီး ဝင်ဘယ်လ်ဒန်သမိုင်းတလျှောက်မှာ ပွဲချိန်အကြာဆုံး တဦးချင်းဖိုင်နယ်ပွဲဖြစ်ပါတယ်။ ဂျိုကိုဗစ်ချ်က ဒီပွဲဟာ သူကစားခဲ့တဲ့ သက်တမ်းတလျှောက် အကောင်းဆုံးပွဲမဟုတ်ရင်တောင်မှ ထိပ်ဆုံး ၃ ပွဲထဲမှာ ပါတယ်လို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ ဖယ်ဒရာရဲ့ ဆားဗစ်္စတွေက အလွန်ကောင်းပြီး ပွဲချိန်အတော်များများကို အသာစီးက ကစားနိုင်ခဲ့ပေမယ့် ၊ ဂျိုကိုဗစ်က အလျှော့မပေးဘဲ ကစားခဲ့တာကြောင့် နောက်ဆုံးမှာ ဂျိုးကိုဗစ်ချ်က အနိုင်ရသွားတာဖြစ်ပါတယ်။ ဂျိုကိုဗစ်ချ်ဟာ ဝင်ဘယ်လ်ဒန်ကို ၂၀၁၁ ၊ ၂၀၁၄၊ ၂၀၁၅ ၊၂၀၁၈ တွေမှာလည်း နိုင်ထားတာကြောင့် ဒါဟာ သူ့အတွက် ဝင်ဘယ်လ်ဒန်ကို ၅ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပြီး ဂရန်းစလမ်းဆုဖလား စုစုပေါင်း ၁၆ ကြိမ် ရသွားခဲ့တာဖြစ်ပါတယ်။ ဖယ်ဒရာကတော့ ဝင်ဘယ်လ်ဒန်ကို ၈ ကြိမ် အပါအဝင် ဂရန်းစလမ်းဆု အကြိမ် ၂၀ နဲ့ အမျိုးသားဘက်မှာ အများဆုံးဗိုလ်စွဲထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG