သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသားတင်းနစ် Djokovic က Kevin Anderson ကို ၃ ပွဲပြတ်နိုင် ဗိုလ်စွဲ


Novak Djokovic က အနိုင်ရ
Novak Djokovic က အနိုင်ရ

ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ Wimbledon တင်းနစ်ပြိုင်ပွဲမှာတော့ ဆာဘီးယားနိုင်ငံက နိုဘက်ဂျိုကိုဗစ်ချ်က အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။

အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားတာမှာ Novak Djokovic က တောင်အာဖရိကနိုင်ငံက Kevin Anderson ကို ၆-၂ ၊ ၆-၂ ၊ ၇-၆ (၇-၃) နဲ့ ၃ ပွဲပြတ် အနိုင်ရသွားပါတယ်။ ဂျိုကိုဗစ်ချ်ဟာ တံတောင်ဆစ်ခွဲစိတ်တဲ့ဒဏ်ရာကြောင့် ၂၀၁၆ ပြင်သစ်အိုးပင်းပြိုင်ပွဲ နောက်ပိုင်း အောင်မြင်မှုတွေ နဲ့ ဝေးနေခဲ့ပြီး၊ အခုမှ ဂရန်းစလမ်းကို တခါ ပြန်အနိုင်ရတာဖြစ်ပါတယ်။

ဂျိုကိုဗစ်ချ်ဟာ ဝင်ဘယ်လ်ဒန်ကို ၂၀၁၁၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာလည်း ၃ ကြိမ် ဗိုလ်စွဲထားတာကြောင့် ဒါဟာ ဂျိုးကိုဗစ်ချ်အတွက်တော့ ဝင်ဘယ်လ်ဒန်ကို ၄ ကြိမ်မြောက် အနိုင်ရတာဖြစ်ပါတယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် သူဟာ ဂရန်းစလမ်းဆုဖလားကိုလည်း ၁၃ ကြိမ်မြောက် ရသွားတာဖြစ်ပြီး အမျိုးသားတွေဘက်မှာ ဂရန်းစလမ်းဆုကို စတုတ္တအများဆုံးရထားတာဖြစ်ပါတယ်။

အမျိုးသားတဦးချင်းမှာ ရော်ဂျာဖယ်ဒရာက အကြိမ် ၂၀ ၊ ရာဖဲလ်နဒါးလ်က ၁၇ ကြိမ်၊ ပိဆမ်းပရပ်စ်က ၁၄ ကြိမ် နဲ့ ဂျိုကိုဗစ်ချ်က ၁၃ ကြိမ် အသီးသီး ဗိုလ်စွဲထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG