သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသမီးတင်းနစ် Serena Williams ကို Angelique Kerber အနိုင်ရဗိုလ်စွဲ


ဂျာမနီ တင်းနစ်မယ် Angelique Kerber
ဂျာမနီ တင်းနစ်မယ် Angelique Kerber

စနေနေ့ကယှဉ်ပြိုင်ကစားတဲ့ ဝင်မ်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ အဆင့် ၁၁ ရှိတဲ့ ဂျာမန် တင်းနစ် မယ် Angelique Kerber က Grand Slam ချန်ပီယံဖလား ၂၃ ကြိမ် ရထားဖူးသူ အမေရိကန်တင်းနစ်မယ် Serena Williams ကို ၆-၃၊ ၆-၃ နဲ့ နှစ်ပွဲဆက် အနိုင်ရသွားပါတယ်။

Serena Williams ဟာ ဝင်မ်ဘယ်လ်ဒန် တင်းနစ်ချန်ပီယံဖလားကို ခုနစ်ကြိမ် ရထားဖူးပြီး Kerber ကတော့ ဒီဖလားကို အခု ပထမဆုံးအကြိမ် အနိုင်ရတာပါ။

အမျိုးသားတဦးချင်း ဆီမီးဖိုင်နယ်လ်ပွဲမှာတော့ ဆားဘီးယား တင်းနစ်ကစား သမား Novakk Djokovic က စပိန်တင်းနစ် ကစား သမား Rafael Nadal ကို သုံးပွဲ၊ နှစ်ပွဲနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။ သူတို့နှစ်ဦးရဲ့ ဆီမီး ဖိုင်နယ်လ်ပွဲကို သောကြာနေ့ က စကစားပြီး ည ၁၁ နာရီထိုးတဲ့အထိ ပွဲမပြီး တာကြောင့် ပွဲကိုရပ်လိုက်ပြီးတော့ စနေနေ့မှာ ဆက်ကစားကြရတာပါ။

သောကြာနေ့ကပဲကစားတဲ့ ဆီမီးဖိုင်နယ်လ် ပထမပွဲမှာ တောင်အာဖရိက ကစား သမား Kevin Anderson က အမေရိကန် ကစား သမား John Isner ကို သုံးပွဲ နှစ်ပွဲနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ပါတယ်။

Djokovic နဲ့ Anderson တို့ရဲ့ ဗိုလ်လုပွဲကို ဒီကနေ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Wimbledon အမျိုးသမီးတင်းနစ် Serena Williams ကို Angelique Kerber အနိုင်ရဗိုလ်စွဲ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG