သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာေက်ာ္ တင္းနစ္ကစားသမား Novak Djokovic ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ


ကမၻာေက်ာ္ တင္းနစ္ကစားသမား Novak Djokovic

Zawgyi/ Unicode

ကမၻာ့နံပါတ္တစ္ နာမည္ေက်ာ္ ဆားဘီးယား တင္းနစ္ကစားသမား Novak Djokovic ဟာ သူကိုယ္တိုင္ စီစဥ္တဲ့ Adria Tour လို႔ေခၚတဲ့ ဆားဘီးယားနဲ႔ ခရိုေအးရွားတင္းနစ္ပြဲစဥ္ေတြမွာ ပါဝင္ကစားခဲ့ၿပီးတဲ့ေနာက္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံေနရေၾကာင္း အဂၤါေန႔က ေၾကညာခ်က္ ထုတ္ျပန္ ေျပာၾကားလိုက္ပါတယ္။

Djokovic ဟာ အေစာပိုင္းတုန္းက ဆားဗီးယားနိုင္ငံ Belgrade ၿမိဳ႕ ကစားပြဲေတြမွာ ပါဝင္ခဲ့သလို ၿပီးခဲ့တဲ့ အပတ္က လည္း ခရို ေအးရွားနိုင္ငံ Zadar ၿမိဳ႕မွာ ကစားခဲ့တာပါ။ အဲဒီေနာက္ ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးၾကည့္ရာမွာ ကူးစက္ခံေနရေၾကာင္း သိရွိတာ ျဖစ္ပါတယ္။ သူ႔ဇနီးမွာလည္း ေရာဂါကူးစက္မႈ ရွိေပမဲ့ သားသမီး ၂ ေယာက္ မွာေတာ့ ဗိုင္းရပ္စ္ကူးစက္ေနတာ မရွိေၾကာင္း၊ သူကိုယ္တိုင္လည္း ေရာဂါ လကၡဏာ ျပသျခင္း မရွိေၾကာင္းနဲ Djokovic က ေၾကညာခ်က္ထုတ္ေျပာၾကားခဲ့ပါတယ္။

ကပ္ေရာဂါကာလအတြင္း တင္းနစ္ပြဲစဥ္ေတြစီစဥ္ၿပီး တျခားနိုင္ငံက ကစားသမားေတြကိုပါ ဖိတ္ေခၚခဲ့တဲ့အတြက္ Djokovic အေပၚ ေဝဖန္မႈေတြလည္း ျမင့္တက္ေနတာပါ။ ေနာက္ထပ္ ဆားဗီးယား တင္းနစ္ကစားသမား Viktor Troicki နဲ႔ ဇနီးမွာလည္း ေရာဂါပိုးကူးစက္ေနေၾကာင္း မေန႔တုန္းက ေၾကညာ ခဲ့ သလိုဘူေဂးရီးယား ကစားသမား Grigor Dimitrov လည္း ပိုးကူးစက္ခံရေၾကာင္း တနဂၤေႏြေန႔က ေျပာပါတယ္။ Dimitrov နဲ႔ စေနေန႔က အတူကစားခဲ့တဲ့ ခရိုေအးရွား တင္းနစ္ ခ်န္ပီယံ Borna Coric လည္း ပိုးကူးစက္ခံရေၾကာင္း တနလၤာေန႔က ေၾကညာခဲ့တဲ့ အတြက္ Djokovic ဟာ ထိပ္တန္း တင္းနစ္ကစားသမားေတြထဲ ၄ ေယာက္ေျမာက္ ေရာဂါကူးစက္ခံရသူ ျဖစ္လာတာပါ။ဆားဗီးယား နဲ႔ ခရိုေအးရွား နိုင္ငံ တင္းနစ္ ကစားပြဲစဥ္ေတြ ျပဳလုပ္ခဲ့တာမွာ လူခ်င္းခပ္ခြါခြါ ကစားၾကဖို႔ စည္းမ်ဥ္းေတြကို လိုက္နာက်င့္သုံးတာ မရွိခဲ့ပါဘူး။

သူစီစဥ္တဲ့ ပြဲစဥ္ေတြကေန ေရာဂါကူးစက္ခံရသူေတြကို Djokovic က ေတာင္းပန္ခဲ့ေပမဲ့ ဒီ ပြဲစဥ္ေတြဟာ ပရဟိတ အေျခခံတဲ့ ပြဲစဥ္ေတြ အျဖစ္ ကာကြယ္ ေျပာၾကားခဲ့ပါတယ္။ ဗိုင္းရပ္စ္ အႏၲရာယ္ ေလ်ာ့နည္းခ်ိန္မွာ ၿပိဳင္ပြဲကို က်င္းပခဲ့တာ ျဖစ္ေပမဲ့ ကံအေၾကာင္း မလွစြာဘဲ ဗိုင္းရပ္စ္က ရွိေနခဲ့ေၾကာင္းလည္း ေျပာပါတယ္။ သူကိုယ္တိုင္ကေတာ့ ေလာေလာဆယ္ ပိုးကူးစက္ ထားရလို႔ (၁၄ )ရက္သီးျခားခြဲ ေနထိုင္သြားမယ္လို႔ ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

ကမ္ဘာ့နံပါတ်တစ် နာမည်ကျော် ဆားဘီးယား တင်းနစ်ကစားသမား Novak Djokovic ဟာ သူကိုယ်တိုင် စီစဉ်တဲ့ Adria Tour လို့ခေါ်တဲ့ ဆားဘီးယားနဲ့ ခရိုအေးရှားတင်းနစ်ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

Djokovic ဟာ အစောပိုင်းတုန်းက ဆားဗီးယားနိုင်ငံ Belgrade မြို့ ကစားပွဲတွေမှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ အပတ်က လည်း ခရို အေးရှားနိုင်ငံ Zadar မြို့မှာ ကစားခဲ့တာပါ။ အဲဒီနောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကြည့်ရာမှာ ကူးစက်ခံနေရကြောင်း သိရှိတာ ဖြစ်ပါတယ်။ သူ့ဇနီးမှာလည်း ရောဂါကူးစက်မှု ရှိပေမဲ့ သားသမီး ၂ ယောက် မှာတော့ ဗိုင်းရပ်စ်ကူးစက်နေတာ မရှိကြောင်း၊ သူကိုယ်တိုင်လည်း ရောဂါ လက္ခဏာ ပြသခြင်း မရှိကြောင်းနဲ Djokovic က ကြေညာချက်ထုတ်ပြောကြားခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်း တင်းနစ်ပွဲစဉ်တွေစီစဉ်ပြီး တခြားနိုင်ငံက ကစားသမားတွေကိုပါ ဖိတ်ခေါ်ခဲ့တဲ့အတွက် Djokovic အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေတာပါ။

နောက်ထပ် ဆားဗီးယား တင်းနစ်ကစားသမား Viktor Troicki နဲ့ ဇနီးမှာလည်း ရောဂါပိုးကူးစက်နေကြောင်း မနေ့တုန်းက ကြေညာ ခဲ့ သလို ဘူဂေးရီးယား ကစားသမား Grigor Dimitrov လည်း ပိုးကူးစက်ခံရကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။ Dimitrov နဲ့ စနေနေ့က အတူကစားခဲ့တဲ့ ခရိုအေးရှား တင်းနစ် ချန်ပီယံ Borna Coric လည်း ပိုးကူးစက်ခံရကြောင်း တနင်္လာနေ့က ကြေညာခဲ့တဲ့ အတွက် Djokovic ဟာ ထိပ်တန်း တင်းနစ်ကစားသမားတွေထဲ ၄ ယောက်မြောက် ရောဂါကူးစက်ခံရသူ ဖြစ်လာတာပါ။

ဆားဗီးယား နဲ့ ခရိုအေးရှား နိုင်ငံ တင်းနစ် ကစားပွဲစဉ်တွေ ပြုလုပ်ခဲ့တာမှာ လူချင်းခပ်ခွါခွါ ကစားကြဖို့ စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးတာ မရှိခဲ့ပါဘူး။

သူစီစဉ်တဲ့ ပွဲစဉ်တွေကနေ ရောဂါကူးစက်ခံရသူတွေကို Djokovic က တောင်းပန်ခဲ့ပေမဲ့ ဒီ ပွဲစဥ်တွေဟာ ပရဟိတ အခြေခံတဲ့ ပွဲစဥ်တွေ အဖြစ် ကာကွယ် ပြောကြားခဲ့ပါတယ်။ ဗိုင်းရပ်စ် အန္တရာယ် လျော့နည်းချိန်မှာ ပြိုင်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပေမဲ့ ကံအကြောင်း မလှစွာဘဲ ဗိုင်းရပ်စ်က ရှိနေခဲ့ကြောင်းလည်း ပြောပါတယ်။ သူကိုယ်တိုင်ကတော့ လောလောဆယ် ပိုးကူးစက် ထားရလို့၁၄ ရက်သီးခြားခွဲ နေထိုင်သွားမယ်လို့ ကြေညာထားပါတယ်။

XS
SM
MD
LG