ဖက္ဒရယ္ႏိုင္ငံတခု ျဖစ္လာဖို႔အတြက္ ဒီႏွစ္ ၂၀၂၃ ခုႏွစ္အတြင္း ပီျပင္ျပတ္သားတဲ့ ႏိုင္ငံေရးရလဒ္တခု ထြက္လာေအာင္ ၾကိဳးစားၾကရမယ္လို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ယာယီသမၼတ ဒူးဝါလာ႐ွီးလ ေျပာၾကားလိုက္ပါတယ္။ ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔မွာ က်ေရာက္တဲ့ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ (၇၆) ႏွစ္ေျမာက္ သတင္းစကားအေနနဲ႔ NUG သမၼတ႐ုံး twitter စာမ်က္ႏွာမွာ အခုလို ေဖာ္ျပထားပါတယ္။ ဘယ္လို ႏိုင္ငံေရး ရလဒ္မ်ိဳးလဲ ဆိုတာကိုေတာ့ အေသးစိတ္ ေရးသား ေဖာ္ျပထားျခင္း မ႐ိွပါဘူး။
ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က ဒီေကန႔ ထုတ္ျပန္တဲ့ (၇၆) ႏွစ္ေျမာက္ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း အထိမ္းအမွတ္ သဝဏ္လႊာမွာေတာ့ တိုင္းရင္းသားလူမ်ိဳး အားလုံးအတြက္ ဖယ္ဒရယ္ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ တည္ေဆာက္ႏိုင္ဖို႔အတြက္ အၾကမ္းဖက္ဖိႏွိပ္ေနတဲ့ စစ္ေကာင္စီကို ဆက္လက္ ေတာ္လွန္ ဆန္႔က်င္သြားမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
အာဏာသိမ္းစစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ကေတာ့ ျပည္တြင္း ျပည္ပ စြက္ဖက္မႈ ပေယာဂအမ်ိဳးမ်ိဳးနဲ႔ ႏိုင္ငံနဲ႔ ျပည္သူ႔အက်ိဳး စဥ္းစားလုပ္ေဆာင္မႈေတြ အားနည္းတာေၾကာင့္ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းဖို႔ အလွမ္းေဝးေနဆဲ ျဖစ္တဲ့အေၾကာင္း ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ အခမ္းအနား သဝဏ္လႊာမွာ ေဖာ္ျပပါတယ္။ တိုင္းျပည္တည္ၿငိမ္ေရးအတြက္ အာဏာသိမ္းစစ္တပ္က ႀကိဳးပမ္းေနတာလို႔လည္း သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ က်ေရာက္တဲ့ ျပည္ေထာင္စုေန႔ကို ျပည္ပႏိုင္ငံေတြမွာ ေရာက္ေနၾကတဲ့ ျမန္မာေတြကလည္း အထိမ္းအမွတ္ အခမ္းအနားေတြ က်င္းပေနၾကပါတယ္။
ၿဗိတိသွ် ကိုလိုနီလက္ေအာက္ က်ေရာက္ေနခဲ့တဲ့ ျမန္မာႏိုင္ငံကို ျပည္ေထာင္စု ဖယ္ဒရယ္ဒီမိုကေရစီ ႏိုင္ငံအျဖစ္ တည္ေထာင္ေရး ၁၉၄၇ ခုႏွစ္ ေဖေဖၚဝါရီလ (၁၂) ရက္ေန႔ ႐ွမ္းျပည္နယ္ ပင္လုံၿမိဳ႕မွာ လြတ္လပ္ေရးနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ေတြ ေတြ႔ဆုံေဆြးေႏြးၿပီး ပင္လုံစာခ်ဳပ္အျဖစ္ သေဘာတူလက္မွတ္ေရးထိုးခဲ့ၾကတာ ျဖစ္ပါတယ္။
==== Unicode ====
ဖက်ဒရယ်နိုင်ငံတခု ဖြစ်လာဖို့အတွက် ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း ပီပြင်ပြတ်သားတဲ့ နိုင်ငံရေးရလဒ်တခု ထွက်လာအောင် ကြိုးစားကြရမယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလာရှီးလ ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ (၇၆) နှစ်မြောက် သတင်းစကားအနေနဲ့ NUG သမ္မတရုံး twitter စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။ ဘယ်လို နိုင်ငံရေး ရလဒ်မျိုးလဲ ဆိုတာကိုတော့ အသေးစိတ် ရေးသား ဖော်ပြထားခြင်း မရှိပါဘူး။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီကေန့ ထုတ်ပြန်တဲ့ (၇၆) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် သဝဏ်လွှာမှာတော့ တိုင်းရင်းသားလူမျိုး အားလုံးအတွက် ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့အတွက် အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်ကောင်စီကို ဆက်လက် တော်လှန် ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်တွင်း ပြည်ပ စွက်ဖက်မှု ပယောဂအမျိုးမျိုးနဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုး စဉ်းစားလုပ်ဆောင်မှုတွေ အားနည်းတာကြောင့် တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အလှမ်းဝေးနေဆဲ ဖြစ်တဲ့အကြောင်း ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား သဝဏ်လွှာမှာ ဖော်ပြပါတယ်။ တိုင်းပြည်တည်ငြိမ်ရေးအတွက် အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတာလို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့ကို ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတဲ့ မြန်မာတွေကလည်း အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေကြပါတယ်။
ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်နေခဲ့တဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စု ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ထောင်ရေး ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ပင်လုံစာချုပ်အဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။