သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး NUG ဒုႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆုံ


အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦး နဲ႔ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Daniel J. Kritenbrink (Photo: US embassy Yangon/Aug 02, 2022)

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္က ဆိုး႐ြားတဲ့ ကြပ္မ်က္မႈေတြ လုပ္ေဆာင္ခဲ့တာနဲ႔ပတ္သက္လို႔ ဝမ္းနည္း စိတ္မေကာင္းျဖစ္ရေၾကာင္း အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Daniel J. Kritenbrink အေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးနဲ႔ လူကိုယ္တိုင္ေတြ႕ဆုံၿပီး ေျပာခြင့္ရခဲ့တယ္လို႔ ရန္ကုန္မွာရွိတဲ့ အေမရိကန္သံ႐ုံးရဲ႕ Facebook လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။


ဒါ့အျပင္ ျမန္မာျပည္သူေတြကို ေထာက္ခံအားေပးရာမွာ ဘယ္လို တိုးျမွင့္ ေဆာင္ ႐ြက္ႏိုင္မလဲဆိုတာနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္မႈေတြ က်ဴးလြန္ေနတဲ့ စစ္ေကာင္စီကို အထိနာေစမယ့္ ဒဏ္ခတ္အေရးယူမႈေတြကို ဆက္လက္ ေဆာင္႐ြက္ သြားမယ္ဆိုတာကိုလည္း ဦးမိုးေဇာ္ဦးနဲ႔ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Daniel J. Kritenbrink တို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္သံ႐ုံးရဲ႕ Facebook လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။

ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားသူေတြျဖစ္ၾကတဲ့ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္သူ ကိုဂ်င္မီ၊ NLD လႊတ္ေတာ္အမတ္ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုလွမ်ိဳးေအာင္နဲ႔ ကိုေအာင္သူရေဇာ္တို႔ ၄ ဦးကို စစ္ေကာင္စီက ဇူလိုင္လ တတိယပတ္အတြင္း ကြပ္မ်က္လိုက္တဲ့အေပၚ အေမရိကန္နဲ႔ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာ အသိုင္းဝိုင္းက ျပင္းထန္စြာ ေဝဖန္ ေျပာဆိုမႈေတြ ထြက္ေပၚခဲ့ပါတယ္။

သူတို႔ ၄ ေယာက္ကို ေသဒဏ္ေပးကြပ္မ်က္လိုက္တဲ့လုပ္ရပ္ဟာ တရားဥပေဒကို မထီမဲ့ျမင္လုပ္တဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်လိုက္ၿပီး ျမန္မာႏိုင္ငံအေပၚ ဖိအားဆက္ေပးေရး နည္းလမ္းေတြကို တျခားႏိုင္ငံေတြနဲ႔ ေဆြးေႏြးေနတဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕အေျခအေနဟာ ဘာမွမျဖစ္တဲ့ ပုံစံမ်ိဳး ဆက္သြားလို႔မရေတာ့ဘူးလို႔ ဇူလိုင္လ ၂၅ ရက္ေန႔ မွာ ျပဳလုပ္တဲ့ ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး NUG ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ

မြန်မာစစ်တပ်က ဆိုးရွားတဲ့ ကွပ်မျက်မှုတွေ လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ လူကိုယ်တိုင်တွေ့ဆုံပြီး ပြောခွင့်ရခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေကို ထောက်ခံအားပေးရာမှာ ဘယ်လို တိုးမြှင့် ဆောင် ရွက်နိုင်မလဲဆိုတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အထိနာစေမယ့် ဒဏ်ခတ်အရေးယူမှုတွေကို ဆက်လက် ဆောင်ရွက် သွားမယ်ဆိုတာကိုလည်း ဦးမိုးဇော်ဦးနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink တို့ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ၊ NLD လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ဇူလိုင်လ တတိယပတ်အတွင်း ကွပ်မျက်လိုက်တဲ့အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းက ပြင်းထန်စွာ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

သူတို့ ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်လိုက်တဲ့လုပ်ရပ်ဟာ တရားဥပဒေကို မထီမဲ့မြင်လုပ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားဆက်ပေးရေး နည်းလမ်းတွေကို တခြားနိုင်ငံတွေနဲ့ ဆွေးနွေးနေတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဘာမှမဖြစ်တဲ့ ပုံစံမျိုး ဆက်သွားလို့မရတော့ဘူးလို့ ဇူလိုင်လ ၂၅ ရက်နေ့ မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG