သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iran နျူကလီးယား သဘောတူညီမှု ကန်လွှတ်တော်ကြားနာ


 နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအပါအဝင် အိုဘားမားအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို အထက် လွှတ်တော်က မေးမြန်း။ (ဇူလိုင် ၂၃၊ ၂၀၁၅)
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအပါအဝင် အိုဘားမားအစိုးရအဖွဲ့ တာဝန်ရှိသူတွေကို အထက် လွှတ်တော်က မေးမြန်း။ (ဇူလိုင် ၂၃၊ ၂၀၁၅)

အိုဘားမားအစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ ဒီလအစောပိုင်းက ဗီယင်နာမြို့မှာ ရရှိခဲ့တဲ့ အီရန်နျူကလီယား သဘောတူညီမှုနဲ့ပတ်သက်လို့ မနေ့က ကြာသပတေးနေ့မှာ အထက်လွှတ်တော်က မေးမြန်းတဲ့ ခက်ခဲလှတဲ့မေးခွန်းတွေကို ရင်ဆိုင်ဖြေကြားခဲ့ကြရပါတယ်။ အီရန်နျူကလီးယားအရေး သဘောတူညီချက်နဲ့ ပတ်သက်ရင် ဒါဟာ ပထမဆုံး အများသိ ကြားနာပွဲဖြစ်ပြီး သဘောတူညီချက်ကို လက်ခံမယ် လက်မခံဘူးဆိုတာ စက်တင်ဘာလလယ်ကျရင် ကွန်ဂရက်လွှတ်တော်က ဆုံးဖြတ်ရမှာပါ။

ကြားနာပွဲအစမှာပဲ အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ ရီပတ်ဘလီကင် ဥက္ကဋ္ဌ Bob Corker က ညှိနှိုင်းဆွေးနွေး ခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သက် လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ဝေဖန်ခဲ့ပါတယ်။

မစ္စတာ ကယ်ရီဘက်ကလည်း - သဘောတူညီချက်ကို ပယ်ဖျက်မယ်ဆိုရင် အီရန်နိုင်ငံကို နျူကလီယားအစီအစဉ်တွေကို မြန်မြန်ဆန်ဆန် အရှိန်မြှင့်ဆောင်ရွက် သွားစေရေးအတွက် အခွင့်အရေးပေး လိုက်သလို ဖြစ်စေလိမ့်မယ်လို့ လွှတ်တော်အမတ်တွေ ကို ပြောပြီး တုံ့ပြန်ခဲ့ပါတယ်။

မစ္စတာကယ်ရီဟာ စွမ်းအင်ဝန်ကြီး Ernest Moniz နဲ့ ဘဏ္ဍာရေးဝန်ကြီး Jack Lew တို့နဲ့အတူ ကြားနာပွဲမှာ သက်သေခံထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ သဘောတူညီချက်ကို အောက်လွှတ်တော်က ပယ်ချခဲ့မယ်ဆိုရင် အမေရိကန်သမ္မတ အိုဘားမားက ဗီတိုသုံးပြီး ပယ်ချမယ်လို့ ကတိပြု ပြောဆိုထားပါတယ်။

XS
SM
MD
LG