သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မြန်မာ သမ္မတနှစ်ဦး တွေ့ဆုံမည်


အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ရန်ကုန် လွှတ်တော် အဆောက်အအုံ မှာ တွေ့ဆုံစဉ် (နိုဝင်ဘာ ၁၉ ၂၀၁၂)
အမေရိကန် သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ရန်ကုန် လွှတ်တော် အဆောက်အအုံ မှာ တွေ့ဆုံစဉ် (နိုဝင်ဘာ ၁၉ ၂၀၁၂)
အမေရိကန် ပြည်ထောင်စုကို တရားဝင် အလည်အပတ် ခရီးစဉ်အဖြစ် လာမယ့် ရက်ပိုင်းအတွင်းမှာ ရောက်ရှိလာမယ့် မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့မှာ လက်ခံ တွေ့ဆုံမယ်လို့ အိုဘားမား အစိုးရအဖွဲ့က မနေ့ ဗုဒ္ဓဟူးနေ့ကပဲ ကြေငြာချက် ထုတ်ပြန်သွားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေအတွက် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်အပြင် အရပ်ဖက် လူ့ဘောင်အဖွဲ့အစည်း ခေါင်းဆောင်တွေ ပြီးတော့ နိုင်ငံ တကာ အသိုင်းအဝန်းနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်ပြီး တိုးတက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာကို အမေရိကန် အစိုးရက သမ္မတ အိုဘားမားရဲ့ မနှစ်က နှစ်ကုန်ပိုင်း ရန်ကုန်မြို့ ခရီးစဉ်နောက်ပိုင်းမှာ ဆက်ပြီး ထောက်ခံ အားပေးနေပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီ ထွန်းကားရေး၊ လူ့ဘောင်အသိုင်းအဝိုင်းတွေကြားနဲ့ လူမျိုးစုတွေကြား ဖြစ် ပွားနေတဲ့ တင်းမာမှုတွေကို ဖြေရှင်းဖို့၊ နိုင်ငံသားတွေအတွက် စီးပွားရေး အခွင့်အလန်းတွေ ဆောင်ကြဉ်းပေးဖို့ အပိုင်းတွေမှာ ကြုံနေရသေးတဲ့ အခက်အခဲတွေ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဘယ်အပိုင်းကနေ ကူညီပေးနိုင်မလဲ ဆိုတာတွေကို သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့ သမ္မတ အိုဘားမား စိတ်အားထက်သန် နေပါတယ်လို့လည်း ဆိုပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦးရဲ့ နှစ်ပေါင်း ၅၀ နီးပါး ကာလအတွင်း ပထမဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုကို တရားဝင် ခရီးအဖြစ်နဲ့ လာရောက် မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်တုန်းကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို တရားဝင် လာရောက်ခဲ့ဖူးပါတယ်။
XS
SM
MD
LG