သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ အမေရိကန်အသုံးစရိတ် ၄ ထရီလီယံ သမ္မတအိုဘားမားတောင်းဆို


၂၀၁၆ အသုံးစရိတ်ဆိုင်ရာ မိန့်ခွန်းပြောနေတဲ့ သမ္မတ အိုဘားမား။
၂၀၁၆ အသုံးစရိတ်ဆိုင်ရာ မိန့်ခွန်းပြောနေတဲ့ သမ္မတ အိုဘားမား။

အမေရိကန်သမ္မတ ဘရက်အိုဘားမားက ၂၀၁၆ ခုနှစ်အတွက် အစိုးရအသုံးစရိတ် ဒေါ်လာသန်းပေါင်း ၄ သန်းကို ကွန်ဂရက်လွှတ်တော်မှာ အဆိုပြုလိုက်ပါတယ်။ ဒီတင်ပြချက်မှာ လူချမ်းသာတွေကို ၂၀၁၆ ခုနှစ်မှာ အခွန်တိုးမြှင့် ကောက်ခံဖို့၊ အသုံးစရိတ်ဖြတ်တောက်ခွင့်အာဏာ ကို အဆုံးသတ်စေဖို့နဲ့ ဘဏ္ဍာရေးကြပ်တည်းတဲ့ လူလတ်တန်းစားတွေကိုကူညီနိုင်ဖို့ ငွေကြေးပိုမိုပေးဖို့ စတာတွေ ပါဝင်ပါတယ်။

ဒီမိုကရက်ပါတီရဲ့သမ္မတ မစ္စတာအိုဘားမားက သူ့ရဲ့အဆိုပြုချက်တွေအပေါ် လွှတ်တော်မှာရှိတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေက တင်းတင်းမာမာ ဆန့်ကျင်တာကို ရင်ဆိုင်ရဖွယ်ရှိမှန်းသိထားပါတယ်လို့ တနင်္လာနေ့မှာ ပြောဆိုပါတယ်။

ဒါပေမယ့် ကျနော်တို့လိုလားတဲ့ တိုင်းပြည်မျိုး ဖြစ်နိုင်ဖို့အတွက် တိုင်းပြည်မှာ ပဓာနကျတဲ့ ရွေးချယ်မှုတွေကို လုပ်ကြရမှာ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

လူနည်းစုတစု ကောင်းစားပြီး အများမှာ ဘာမှ အကျိုးခံစားရမှုမရှိတဲ့ စီးပွားရေးမျိုးကို အမေရိကန်နိုင်ငံအနေနဲ့ လက်ခံမှာလားလို့ အမိမြေလုံခြုံရေးဌာနကို သွားရောက်စဉ်မှာ သမ္မတက မေးခွန်းထုတ်လိုက်ပါတယ်။

XS
SM
MD
LG